Thursday, March 21, 2013

တောင်ကိုရီးယားကွန်ပျူတာကွန်ရက် တိုက်ခိုက်ခံရမှု တရုတ်နိုင်ငံမှ စတင်ခဲ့ဟုဆို

Thursday, 21 March 2013
တောင်ကိုရီးယား နိုင်ငံရှိ ကွန်ပျူတာ ကွန်ရက် များကိုဦးတည် တိုက်ခိုက် လာသည့်Hackingပြဿ နာသည် တရုတ်နိုင်ငံမှ ကနဦး စတင်လာကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တောင်ကိုရီး ယား တွင် ဘဏ်နှင့် မီဒီယာ လုပ်ငန်းကြီး အချို့တို့၌ ကွန်ပျူတာ ကွန်ရက်များပြတ်တောက် ရပ်ဆိုင်းမှု များ ဖြစ်ပေါ်လာခဲ့သည်။ တောင်ကိုရီးယား အစိုးရ၏ ဆက်သွယ်ရေး ကော်မရှင်က ယင်းဖြစ်စဉ်အပေါ် ကနဦး လေ့လာ ဆန်းစစ်မှုများအရ တိုက်ခိုက် မှုသည် တရုတ်နိုင်ငံ တစ်နေရာမှ အခြေပြု လာကြောင်း ပြောကြားခဲ့သည်။

ကွန်ပျူတာ ကွန်ရက်များ ကျဆင်းခြင်းနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား၏ စနက်မကင်းဟု ယူဆစ ရာ ဖြစ်နေသော်လည်း လတ်တလောတွင် မည်သည့် အထောက်အထားမျိုးမှ မတွေ့ ရှိသေးချေ ။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တောင်ကိုရီးယားကို ဆိုင်ဘာ စစ်ပွဲများနွှဲခဲ့သည့် ရန်သူနိုင်ငံလည်း ဖြစ်သည်။

Planet Myanmar Network

No comments: