Monday, March 18, 2013
နိုင်ငံတကာထံမှ အကူအညီများ ရရန်အတွက် နိုင်ငံ ၏ နျူကလီးယား လက်နက် စီမံကိန်းများနှင့် မည်သည့်အခါမှ ညှိနှိုင်းမှု ပြုလုပ်သွားမည် မဟုတ် ဟု မြောက်ကိုရီးယားက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံ ကာကွယ်ရေးအ တွက် နျူက လီးယား လက်နက်များဆိုင်ရာ ရပ်တည်ချက် ကိုပြောင်းလဲသွား မည်မဟုတ်ကြောင်း လည်း ထုတ်ပြန်ခဲ့သည်။
ဆင်းရဲနိမ့်ကျနေသော မြောက်ကိုရီးယားနိုင်ငံသည် အရေးပေါ် လိုအပ်နေသော အကူအညီများကို အိမ်နီး ချင်းနိုင်ငံများထံမှ ရရှိနိုင်ရန် အတွက် နျူကလီးယားလက်နက် စီမံကိန်းများကို အသုံးချပြီး အနိုင် ကျင့်နေကြောင်း ဖော်ပြချက်များကိုလည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ငြင်းဆိုထားမှုများအား နိုင်ငံပိုင်ရုပ်သံက ကိုးကားထုတ်လွှင့်ခဲ့သည်။
စီးပွားရေး အကူအညီများ ရရှိရန်အတွက် မြောက်ကိုရီးယားက နျူကလီးယားလက်နက် စီမံကိန်းများကို အသုံးချနေသည်ဟု အမေရိကန်က ထင်မြင်မိပါက အလွန်အမင်း မှားယွင်းသွားမည်ဖြစ်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားက အမူအကျင့်များ ပြောင်းလဲမည်ဆိုပါက ၀ါရှင်တန်သည် စစ်မှန်သော စေ့စပ်ဆွေးနွေးမှု များ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး တွမ်ဒိုနီလင်က ပြောကြားခဲ့ပြီး ရက်ပိုင်း အတွင်း မြောက်ကိုရီးယား၏ ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားကမူ နျူကလီးယားလက်နက်များမှာ အမွေအနှစ် ရထားသော ဓားကဲ့သို့ဖြစ်ပြီး ရန်လိုသော အမေရိကန်မူဝါဒမှ ခုခံကာကွယ်ရန်အတွက်ဖြစ်ကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် မြေအောက် အဏုမြူဗုံး ဖောက်ခွဲ မှုနှစ်ကြိမ် ပြု လုပ်ခဲ့ပြီး ပြီးခဲ့သော လတွင်လည်း တတိယအကြိမ်မြောက် မြေအောက်အဏုမြူဗုံး ဖောက်ခွဲစမ်းသပ် ခဲ့သည်။
နိုင်ငံမှာမူ ဆယ်စုနှစ်များစွာ စားနပ်ရိက္ခာနှင့် လောင်စာရှားပါးမှု ကြုံတွေ့နေရပြီး ရေကြီးမှု၊ မိုးခေါင်မှု၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု စသည်တို့ကြောင့် အခြေအနေ ပိုဆိုးစေခဲ့သည်။
Ref:AFP
Eleven Media Group

No comments:
Post a Comment