Monday, March 18, 2013

မြန်မာ့ဈေးကွက်တွင် အလားအလာများရှိကြောင်း တိုင်ပေကုန်သွယ်ရေး ကောင်စီ ပြောကြား

Saturday, March 16, 2013
တရုတ်တိုင်ပေသည် မြန်မာ့ဈေးကွက်တွင် အခြေခံအဆောက်အအုံပိုင်းနှင့် ကုန်ပစ္စည်းထုတ်လုပ်မှု ကဏ္ဍ များတွင် စီးပွားရေးဝင်ရောက် လုပ်ကိုင်နိုင်မည့် အလားအလာများရှိနေကြောင်း တိုင်ဝမ်ပြည်ပ ကုန်သွယ်မှု ဖွံ့ ဖြိုးရေးကောင်စီ (TAITRA)က ပြောကြားလိုက်သည်။

ကော်စီက တိုင်ပေမှ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် မြန်မာတွင် ဈေးကွက်လိုအပ် ချက်နှင့် ကိုက်ညီရန်အတွက် လျှပ်စစ်နှင့်စက်ယန္တရား လုပ်ငန်းများတွင် နည်းပညာများ၊ စွမ်းအားများသုံး၍ ဝင်ရောက်သင့်ကြောင်း အကြံပြုသည်။



အဖွဲ့ က မြန်မာတွင် လျှပ်စစ်လိုအပ်ချက်မှာ ကြီးကြီးမားမားရှိနေပြီး၊ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အ အုံတိုးတက်ရေးမှာ လိုအပ်နေကြောင်း ဆိုသည်။ သို့သော် အဖွဲ့ က မြန်မာတွင် ပြည်တွင်းလိုအပ်ချက် ပမာဏတက်လာနေ၍ စက်ပစ္စည်းများ လိုအပ်မှု များပြားလာနေကြောင်းဆိုသည်။

တိုင်ပေအစိုးရ၏ တိုင်ဝမ်ပြည်ပကုန်သွယ်မှု ဖွံ့ ဖြိုးရေးကောင်စီ (TAITRA)သည် နိုင်ငံတွင်းကုမ္ပဏီများ ပြည် ပ ကုန်သွယ်ရေးအတွက် ဆောင် ရွက် ပေးနေပြီး ၊ ကူဝိတ်၊အိန္ဒိယနှင့် တရုတ်ပြည်မကြီးတို့တွင် ရုံးခွဲများဖွင့် လှစ်ထားကာ၊ မြန်မာနိုင်ငံ ရန်ကုန်၊ ဖိလစ်ပိုင်မှ မနီလာ၊ ဘရာဇီးမှပေါ်တို အလီဂရေတို့တွင်လည်း ရုံးခွဲသစ် များ ဖွင့်လှစ်သွားမည်ဟု သိရသည်။

Ref: Focustaiwan
The Myanma Age

No comments: