Thursday, March 28, 2013

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများကိုအမြန်ဆုံး တားဆီးပေးရန် လိုအပ်ကြောင်းပြောကြား

Tuesday, March 26, 2013
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလားမြို့တွင် အစပြု ကာ ဘာသာရေးအဓိ ကရုဏ်းအသွင် ကျယ်ပြန့် လာသည့် အရေးကိစ္စအပေါ်၌ ဘာသာပေါင်း စုံမှ ခေါင်းဆောင်များက ဥပဒေမဲ့ပဋိပက္ခများ ကို အမြန်ဆုံး တားဆီးပေးရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုအနေဖြင့် ဥပဒေမဲ့ လုပ်ရပ်များတွင် မ ပါဝင်ဘဲ ကောင်စွာသောအသိ၊ကောင်းစွာသောသ တိတို့ဖြင့် ညီညွတ်စွာ တားဆီးရန် လိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ခရစ်ယာန်ဘာသာ) အတွင်းရေးမှူးဒေါက်တာသာ ဥာဏ်က ပြောကြားသည်။

“ကျွန်တော် တစ်ဦးကိုယ်တစ်ဦး ချစ်ခင်ဖို့ ရိုင်ပင်းဖို့၊ အရင်တုန်းကတော့ဆွေမျိုးလိုနေလာကြပြီးတော့မှ အခုကျမှ သတ်ကြဖျက်ကြနဲ့ဆိုတော့ ဝမ်းနည်းစရာကောင်းပါတယ်”ဟု ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်
ရေးအဖွဲ့ (ဗုဒ္ဓဘာသာ) နာယက ဦးစိန်ဝင်းအောင်က ပြောကြားသည်။

ဘာသာရေးအားလုံး၏ အခြေခံမှာမေတ္တာတရားဖြစ်ကြောင်း၊၎င်းတို့အနေနှင့် သာသာရေးခေါင်းဆောင် များကိုလည်း မိမိတို့၏ ဘာသာဝင်များ အား ထိန်းသိမ်းထားပေးစေလိုကြောင်း၊ထို့အပြင် ရန်ကုန်၌ ပဋိပက္ခကြီးများ မဖြစ်ပွားစေရန် လုံခြုံရေးများချထားပေးရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း
လည်း ပြောကြားသည်။



“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံနေရတာကိုလည်း အင်မတန်မှ ၀မ်းနည်းကြေကွဲရပါ တယ်။ စိုးရိမ်းမှုတွေလည်း ဖြစ်ရပါတယ်။ သမိုင်းကြောင်းတစ်လျှောက်
ကို ကြည့်မယ်ဆိုရင်လည် မြန်မာနိုင်ငံကို အစ္စလာမ်ဘာသာရောက်ခဲ့တာနှစ်ပေါင်း တစ်ရာကျော် ခဲ့ပြီ ဖြစ် ပါတယ်။

ကျွန်တော်တို့လူမျိုးဟာကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ လက်ထက်ကတည်းက မြန်မာ့လူ့ အဖွဲ့အစည်းနဲ့ သဟဇတ တည့်ခဲ့ပါတယ် ”ဟုဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဦးညွှန့်မောင်သျှိန် က ပြောကြား သည်။

ထို့နောက် ၎င်းတို့အဖွဲ့သည် ၂၀၀၈ခုနှစ်ကတည်က စတင် တည်ထောင်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် ဘာသာရေးအစွဲ၊ အသွေးအရောင်ကွဲခြင်း၊စီးပွားရေးအစွဲ ကင်းရှင်းကြောင်းလည်း ပြောကြားသည်။

ပိုင်လေး
The Myanma Age

No comments: