Tuesday, March 12, 2013
ဖေဖေါ်ဝါရီလအတွင်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်တွင် ပို့ကုန်/ သွင်းကုန် ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၉ သန်းခန့် ရှိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။ “ဖေဖေါ်ဝါရီလအတွင်း မူဆယ်ကုန် သွယ်ရေးဇုန်မှာ ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၈၆.၄၂၉ သန်း၊ သွင်းကုန်အနေနဲ့ ဒေါ်လာ ၁၀၂.၂၇၀ သန်း။ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၈.၆၉၉ သန်း ရှိခဲ့ပါတယ်” ဟု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ပြောင်းဖူးစေ့၊ မြေပဲဆန်၊ ရာဘာ၊ ရေထွက်ကုန်၊ သစ်တော ထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ စက်မှု ကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းအုပ်စုများကို အဓိက တင်ပို့သည်။
“သွင်းကုန်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စု၊ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းခဲ့ ပါတယ်” ဟု မူဆယ်-နန်းခမ်း ကုန်သည်အသင်းမှ ဥက္ကဋ္ဌ ဦးဟန်စိန် က ပြောသည်။
ဖေဖေါ်ဝါရီလအတွင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တဆင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ပစ္စည်း များ ဒေါ်လာ ၇၁.၁၅၀ သန်းဖိုး၊ လုပ်ငန်းသုံးပစ္စည်းများ ဒေါ်လာ ၁၃.၅၈၂ သန်းဖိုး၊ လူသုံးကုန် ပစ္စည်း များ ဒေါ်လာ ၁၇.၅၃၈ သန်းဖိုး၊ စုစုပေါင်း ဒေါ်လာ ၁၀၂.၂၇၀သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။
မဇ္ဈိမ

No comments:
Post a Comment