Tuesday, March 12, 2013
လက်ပံတောင်းတောင် ၏ အစီရင်ခံစာကို ယနေ့နံ နက်ပိုင်းတွင်တရားဝင် ထုတ်ပြန်ခဲ့ပြီး မနက်ဖြန် (မတ်လ ၁၃ရက်) တွင် မုံရွာနှင့် လက် ပံတောင်းတောင် ရှိဒေသအချို့ သို့ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည် ဖြစ်သည်။ "သက်ဆိုင်ရာရွာသူရွာသားတွေကိုရှင်းပြဖို့ ကော်မ ရှင်ရဲ့တွေ့ ရှိချက်တွေကိုရှင်းပြဖို သိချင်တဲ့ မေး ခွန်းတွေ ကို မေးရင်ဖြေဖို့ ပါ ၊ဒေသခံတွေ နဲ့ တွေ့ ဆုံ ပြီးရှင်းလင်းဖို့ ပါ" ဟု ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော် တွင် သတင်းထောက်များ ကို ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံရွာသူရွာသားများ၏ တုန့်ပြန်လာမည့် အခြေအနေ နှင့်ပတ် သတ်၍ "အန်တီကမျှော်လင့်ချက် မထားဘူး အန်တီအမြဲ ပဲပြောတယ်မဟုတ်လား မျှော်လင့်တယ်ဆိုတာ အယုံအကြည် မရှိ ဘူး၊အလုပ်ကိုပဲ အန်တီ ယုံကြည်တယ်ကော်မရှင် ဥက္ကဌအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို အန်တီလုပ်မှာပါ"ဟုထပ်လောင်းပြောသည်။
sn
Popular Myanmar News Journal

No comments:
Post a Comment