Tuesday, March 12, 2013
တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင်ရောင်းချမည်ဟုမိမိပြောကြား ခဲ့သည်ဟု သတင်းဂျာနယ်အချို့တွင်ဖော်ပြနေခြင်း များမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ကပြောသည်။ ရန်ကုန်မီဒီယာ က ပြည်ထောင်စုဝန်ကြီးနှင့် ဆက်သွယ်မေးမြန်း ရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်း ဆိုလိုက်ခြင်းဖြစ် သည်။`ကျွန်တော် အဲသလိုလုံး ၀ပြောကြားခြင်း မရှိပါဘူး။ဧပြီ ၁ရက် မှာ စတင် ရောင်းချပေးမှာ မှန်ပါတယ်။ ဒါပေမယ့် ကျပ်နှစ်သောင်း နဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေ မယ့် ပြောခွင့်မရှိပါဘူး ။သက်ဆိုင်ရာဝန်ကြီးဌာန ကသာ တရားဝင်ကြေညာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်း တဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်း မျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါ ရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။
Yangon Media Group

No comments:
Post a Comment