Tuesday, March 12, 2013
မြောက်ကိုရီးယား အစိုးရသည် အမေရိကန်၏ ခွင့်လွှတ်လိုသည့်စိတ်ဆန္ဒနှင့် ဆက်ဆံရေးခေတ် သစ်တည်ဆောက် လိုသည့် သက်သေပြချက် အဖြစ် မြန်မာကို နမူနာအဖြစ်ကြည့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒွန်နီလွန်က ပြောကြားလိုက်သည်။ မစ္စတာ တွမ်က အမေရိကန်၏ သဘောထားနှင့်ပတ်သက်၍ “သမ္မတအိုဘားမား ဟာလက် သီးဆုပ်ဖြေလိုက်တဲ့ သူတွေကို လက်ကမ်းဖို့ စိတ် ဆန္ဒ ရှိနေပါ တယ်။ မြောက်ကိုရီးယားကို ကျွန်တော်တို့ တောင်း ဆိုထားတာကလည်း နိုင်ငံတကာဥပဒေကို လေး စားဖို့၊ ကိုယ်ပြောထားတဲ့ စကားတွေကို လိုက်နာပြီး အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေစတင်နေကြောင်း သက်သေပြဖို့ တစ်ခုထဲပါ” ဟုပြောကြားသည်။
မစ္စတာဒွန်က မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်မ်ဂျုံအမ်အား ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာတွင် စစ်တပ်ခေါင်းဆောင်များကဒီမို ကရေပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်ကို ကြည့်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ပြီး အိုဘားမား၏ ယမန်နှစ်က ရန်ကုန်သို့ခရီးစဉ်သည် ရန်ဘက်အဖြစ်မှ ပူးပေါင်းဆောင် ရွက်ရေးသို့  ဆက် ဆံရေးအသွင် ပြောင်းလဲခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းက “မြန်မာဟာ အခုဆို ဘီလီယံနဲ့ ချီတဲ့ အကြွေးလျှော်ပစ်မှုတွေ၊ ကြီးမားတဲ့ ဖွံ့ ဖြိုးရေး အကူအညီတွေ၊ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာဟာအခုဆို အထီးမ ကျန်တော့ဘဲ ပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ရဖို့ တံခါးတွေ ဖွင့်ခဲ့ပါပြီ” ဟု ပြောကြားသည်။
Ref: AFP
The Myanma Age

No comments:
Post a Comment