Tuesday, March 12, 2013
တရုတ်အစိုးရသည် နိုင်ငံ၏ ပထမဆုံးသော အာ ရှရေးရာ အထူးသံတမန်ကို ခန့်အပ်ထားရှိခဲ့ပြီး ယင်းသံတမန်သည် အာရှရေးရာအပြင် မြန်မာ နှင့် ဆက်ဆံရေး အတွက်ဦးစားပေး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ တရုတ်အစိုးရ၏ ယခုကြေငြာချက်သည် ယမန်နေ့က တရုတ် ဘက်ခြမ်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နှင့် မြန်မာစစ် တပ်တာဝန်ရှိသူ များ တွေ့ ဆုံကာ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးဆွေးနွေး မှုများ ပြုလုပ်စဉ် ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံပိုင်မီဒီယာ၏ ဖေါ်ပြချက်အရ ၎င်းတို့အစိုးရသည်နိုင်ငံ၏ ပထမဆုံးသော အာရှရေးရာအထူး သံတမန် အတွက်မြန်မာနှင့် ဆက်ဆံ ရေး ဦးစားပေးဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနှင့် ဆက်ဆံရေးတွင် ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ အပါအဝင်
ဖြေရှင်းစရာကိစ္စများစွာရှိနေ၍ ဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရင်ဖန်အား ပထမဆုံးသော အာရှရေးရာအထူးသံတမန်အဖြစ်အမည် စာရင်း တင်သွင်းထားပြီး ၎င်းသည် တရုတ်-မြန်မာဆက်ဆံရေးကို အဓိက ကိုင်တွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနိုင် ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းကပြောကြားသည်။
ပေကျင်းသည် နိုင်ငံ၏ ပထမဆုံးအာရှရေးရာအထူးသံတမန်ရာထူးကို စတင်ဖန်တီးခြင်းမပြုမီ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကိုရီးယားကျွန်းဆွယ်ရေးရာ အထူးသံတမန်ရာထူးများကို တီထွင်ခန့် အပ်ခဲ့ပြီး ဖြစ် သည်။
တရုတ်အစိုးရက ခန့်အပ်မည့် အာရှရေးရာ အထူးသံတမန်ဝမ်သည် ၁၉၄၂ ခုဖွားဖြစ်ပြီး တရုတ်နိုင် ငံခြားရေးဌာန၏ အာရှရေးရာဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းလာခဲ့သူဖြစ်သည်။
၎င်းသည် ၁၉၈၀ နှစ်များက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့ပြီး တရုတ်နိုင် ငံခြားရေးဌာန၏အာရှရေးရာ ဌာနခွဲ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင် ဖူးသူဖြစ်သည်။
The Myanma Age

No comments:
Post a Comment