Tuesday, March 12, 2013
ရန်ကုန် ၊ ၁၂-၃-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဆန်ရောက်မှု အနည်း ငယ် လျော့ကျ သွားသော် လည်း ဆန်ဈေးနှုန်းမှာ တည်ငြိမ် နေဆဲ ဖြစ်ကြောင်း ရန်ကုန် ဆန်ဈေးကွက်မှ စုံစမ်း သိရှိရသည်။ ရန်ကုန် ဆန်ဈေးကွက် တွင် ပြည်ပပို့ တန်းဝင် ဆန်ဖြစ်သည့် ဧည့်မထ နှင့် ငစိန် အုပ်စုဝင် ဆန်များ လက်လီဈေး ကွက် တွင် ဈေးနှုန်း အနည်း ငယ် ပြောင်းလဲ ခဲ့သော်လည်း အဓိက ဖြန့်ချိ ပေးနေသည့် ဆန်လက္ကား ဈေးကွက်တွင် ဈေးနှုန်း တည်ငြိမ်မှု ရှိနေကြောင်း ဆန်ကုန်သည် ကြီးများ၏ ပြောကြားချက် အရ သိရသည်။
" မကြာခင်မှာ နွေစပါး ပေါ်တော့မှာ ဖြစ်တဲ့ အတွက် ဆန်ဈေးက မြင့်ဖို့ မရှိတော့ ပါဘူး ၊ တည်ငြိမ် သွားမှာပဲ ဖြစ်ပါတယ် ၊ အခု ဧရာဝတီ တိုင်းဒေသကြီး ဘက်မှာ ဆိုရင် နွေစပါး မပေါ်မီက တင်းတစ်ရာ ကို ကျပ် လေးသိန်းလောက် ပေါက်နေရာက အခု နွေစပါး ပေါ်တာနဲ့ ကျပ်သုံးသိန်း လောက် ရောက်သွား ပါတယ် ၊ ထုံးစံ အတိုင်း နွေစပါး ပေါ်ခါနီးမှာ ဈေးတက်ရိပ် ရှိပေမယ့် နွေစပါး ပေါ်လာပြီ ဆိုရင် ဈေးက ငြိမ်သွားတာ ပါပဲ .... " ဟု ဘုရင့်နောင် ဆန်ကုန်စည် ဒိုင်မှ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးအေးနိုင် က ပြောသည်။
ပေါ်ဆန်း နှင့် ပေါ်ကျွဲ ကဲ့သို့သော ဆန်များမှာမူ ပြည်ပပို့ခြင်း မရှိသော်လည်း ပြည်တွင်း စားသုံးမှု များပြားသည့် ဆန် အမျိုးအစား ဖြစ်ပြီး လက်ရှိတွင် ဈေးနှုန်းမှာ အတက်အကျ မရှိဘဲ တည်ငြိမ် နေသည် ဟုလည်း သိရသည်။ ရန်ကုန် ဆန်ဈေးကွက်သို့ ဧရာဝတီ တိုင်းဒေသကြီး မှ နေ့စဉ် ဆန်ဝင်ရောက် မှုမှာ ဆန်အိတ်ရေ လေးသောင်းကျော် အထိ ရှိနေပြီး ၊ အဓိက အားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ဘိုကလေး ၊ ကျိုက်လတ် ၊ ဖျာပုံ ၊ ဒေးဒရဲ ၊ မော်ကျွန်း ၊ ၀ါးခယ်မ ၊ မြောင်းမြ ၊ လပွတ္တာ မြို့များမှ ဖြစ်ကြောင်း သိရှိရသည်။
Pyi Chit Tar

No comments:
Post a Comment