Monday, 11 March 2013
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား စာနယ်ဇင်း ကောင်စီ (ယာယီ)မှ သဘောမ တူကြောင်း နိုင်ငံတော် သမ္မတထံ မတ်လ ၂ ရက် နေ့နေ့စွဲဖြင့် ပေးပို့တင်ပြ ထားသော်လည်း မတ်လ ၁၀ ရက်နေ့အထိ တစ်စုံ တစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါ သည်။ ပြန်ကြားရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ အစိုးရ သတင်းစာ မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် နိုင်ငံတော် သမ္မတရုံး၏ တိုက် ရိုက်စီစဉ် ညွှန်ကြားမှုဖြင့် ဖွဲ့စည်းထားသည့် စာနယ်ဇင်းကောင်စီ (ယာယီ)က ပြန်ကြားရေး ၀န်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် သဘောတူညီမှုဖြင့် ရေးဆွဲနေသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းနှင့် ၀ိရောဓိ ဖြစ်စေသလို အဟန့်အတားလည်း ဖြစ်စေသည်ဟု ယူဆကြောင်း အပါအ၀င် အချက်(၇)ချက်ဖြင့် စာနယ်ဇင်း ကောင်စီ(ယာယီ)က နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေကြမ်းကို တက်သုတ်ရိုက်လုပ်ပြီးလွှတ်တော်ကို တင်သွားတယ်။ ဒါဟာလုပ်ပိုင်ခွင့်ကို ကျော်လွန်သလို ဖြစ်နေတယ်။ စာနယ်ဇင်းကောင်စီ(ယာယီ)ဆိုတာ သမ္မတရုံး ရဲ့စီစဉ်မှုနဲ့ ပြန်ကြားရေးတို့ ပေါင်းပြီး ဖွဲ့စည်းခဲ့တာဖြစ်လို့ သူတို့မှာ တာဝန်ရှိပါတယ်။ အခုကျတော့ ဒီအဖွဲ့က သဘောမတူကြောင်း တင်ပြတာကို အခုထိ ဘာမှ အကြောင်းမပြန်သေးဘူး။ ဒါဟာ သမ္မတရော ပြန်ကြားရေး ၀န်ကြီးပါ လူကြီးလူကောင်း မဆန်ဘူးလို့ ခံစားနေရတယ်...
“စာနယ်ဇင်းကောင်စီ(ယာယီ)ကို သူတို့ကိုယ်တိုင် ဖွဲ့ပေးခဲ့တာပါ။ နောက် ပြီး မီဒီယာဥပဒေကိုလည်း စာနယ်ဇင်း ကောင်စီက zero draft ကနေ ပြန်ရေးဆွဲဖို့ ပြန်ကြားရေး ၀န်ကြီးကိုယ်တိုင် လုပ်ပါ လုပ်ပါ ပြောခဲ့တာပဲ။ အခုကျတော့ လက်တစ်လုံးခြားလုပ်ပြီး ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို တက်သုတ်ရိုက်လုပ်ပြီး လွှတ်တော်ကို တင်သွားတယ်။ ဒါဟာလုပ်ပိုင်ခွင့်ကိုကျော်လွန်သလို ဖြစ်နေတယ်။ စာနယ်ဇင်းကောင်စီ(ယာယီ)ဆိုတာ သမ္မတရုံးရဲ့စီစဉ်မှုနဲ့ ပြန်ကြားရေးတို့ ပေါင်းပြီး ဖွဲ့စည်းခဲ့တာဖြစ်လို့ သူတို့မှာ တာဝန်ရှိပါတယ်။ အခုကျတော့ ဒီအဖွဲ့က သဘောမတူကြောင်း တင်ပြတာကို အခုထိ ဘာမှ အကြောင်းမပြန်သေးဘူး။ ဒါဟာ သမ္မတရောပြန်ကြားရေး ၀န်ကြီးပါ လူကြီးလူကောင်း မဆန်ဘူးလို့ ခံစားနေရတယ်” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သော်လည်း ဂျာနယ်လစ်များ၊ မီဒီယာများ၊ စာနယ်ဇင်းအဖွဲ့ အသီးသီးက လက်မခံကြောင်း ကန့်ကွက်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြန်ကြားရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ပြောင်းလဲတာဝန် ပေးပြီးနောက် စက်တင်ဘာလ ၉ ရက် နေ့ တွင် ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က စာနယ်ဇင်းကောင်စီ(ယာယီ) ပြန်လည်ဖွဲ့စည်းရေးနှင့် ပုံနှိပ်မီဒီယာ ဥပဒေမူကြမ်း ရေးဆွဲရေး ကိစ္စများအတွက် စာနယ်ဇင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပုံနှိပ်မီဒီယာ ဥပဒေကြမ်း ရေး ဆွဲရေးနှင့်ပတ်သက်ပြီး ယခင်ဝန်ကြီး လက်ထက်က ရေးဆွဲခဲ့သော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို ဖျက်သိမ်းပြီး ပုံနှိပ်မီဒီယာ ဥပဒေ “သုည” မူကြမ်းကို ရေးဆွဲရန် ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမြုတေ စာနယ်ဇင်းကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကိုပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အသစ်ပြန်လည် ဖွဲ့စည်းခဲ့သော စာနယ်ဇင်းကောင်စီ (ယာယီ)သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက် နေ့က ဂျာနယ်လစ်များအား ဖိတ်ခေါ်တွေ့ဆုံ၍ ၎င်းတို့ ရေးဆွဲထားသည့် မီဒီယာကျင့်ဝတ်၊ ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းအပေါ် အကြံဥာဏ်များ တောင်းခံသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
eleven media group

No comments:
Post a Comment