Monday, March 11, 2013

မြန်မာ-အိန္ဒိယ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

Monday, 11 March 2013
နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်သည့် အနေဖြင့် မြန်မာနှင့် အိန္ဒိယတို့ ၏ ရေတပ် စစ်ရေး လေ့ကျင့်မှုနှင့် ဘင်္ဂလား ပင်လယ်အော် အတွင်း ကင်းလှည့်ရေး အစီအစဉ်များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိများကပြောကြား လိုက်သည် ။ မြန် မာရေတပ်မှ ဖရီးဂိတ် စစ်သင်္ဘောတစ်စီးနှင့် ကြားဖြတ် ဟန့်တားရေး ရေယာဉ်တစ်စီးတို့သည် မတ်လ ၁၀ ရက်နေ့မှ စတင်၍ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ၀ိသာခပတမ် ရေတပ်ဌာနချုပ်သို့ လာရော မည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကို လာမည့်ရက် အနည်းငယ်အတွင်း ပြုလုပ်သွား မည်ဖြစ်ကြာင်း သိရသည်။



အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ ဇန်န၀ါရီလအတွင်းကမြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် အပြီးတွင် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု အပါအ၀င် နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် မြန်မာစစ်တပ်အတွက် လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးရန သဘောတူခဲ့ သည်။

eleven media group

No comments: