Monday, March 11, 2013

နှုတ်ထွက် ပါတီဝင်ဟောင်း များကို NLD ပါတီက လက်မခံ

Monday, March 11, 2013
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်သွား သည့် ပါတီဝင်ဟောင်း အချို့အား လက်မခံကြောင်း ဆုံးဖြတ်ချက် ချခဲ့သည်ဟု မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည့် ပါတီညီလာခံသတင်း စာ ရှင်းလင်းပွဲတွင်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ဟောင်း များဖြစ်ကြသည့် ဒေါက် တာ သန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင် တို့အား ပါတီဝင် အဖြစ် ပြန်လည် လက်မခံ နိုင်ကြောင်း ညီလာခံ တက်ရောက် လာကြသည့် ကိုယ်စားလှယ် များမှ ဆုံးဖြတ်ခဲ့ ကြသည်ဟု ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောကြားသည်။



၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ မတင်ခဲ့ခြင်းကြောင့် ပါတီဝင် ဟောင်းများ ဖြစ်ကြသည့် ဦးကြည်မြင့်၊ ဒေါက်တာ သန်းဝင်း၊ ဦးမြင့်သွင်၊ ဦးတင်အောင်အောင် တို့သည် ပါတီမှ နှုတ်ထွက်ခဲ့ ကြပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသို့ ၀င်ရောက်ကာ နိုင်ငံရေး ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

ကြားဖြတ် ရွေးကျောက်ပွဲ မတိုင်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခဲ့ရာ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသည့် မြောက်ဥက္ကလာပ မြို့နယ်မှ ဒေါက်တာ သန်းဝင်း၊ လသာမြို့နယ်မှ ဦးကြည်မြင့်၊မန္တလေးတိုင်း ဒေသကြီးမှ ဦးတင်အောင်အောင်နှင့် ဦးမြင့်သွင် တို့သည် ပါတီဝင်အဖြစ် ပါဝင်လိုကြောင်း လျှောက်လွှာ တင်ခဲ့ခြင်း ကြောင့် ပါတီ၏ ပထမ အကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ ကြကြောင်းကို ပြောကြားခဲ့သည်။

၂၀၁၀ ပြည်နှစ် ပါတီစုံ ရွေးကောက်ပွဲ တွင် NLD ပါတီမှ ရွေးကောက်ပွဲ မ၀င်ဟု ဆုံးဖြတ်ကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့သောကြောင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကာရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုသို့ ၀င်ရောက်ယှဉ်ပြိုင် ရာတွင် ထိုက်သင့်သော အောင်မြင်မှုများရရှိခဲ့သည်။ ဒေါက်တာ မြတ်ဥာဏစိုး သည်အမျိုးသားဒီမို ကရေစီ အင်အားစုမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ် ခံရပြီးနောက်၂၀၁၂ခုနှစ် ကြားဖြတ် ရွေးေ ကာက်ပွဲအတွက်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်စဉ် NDF ပါတီမှ NLD ပါတီသို့ ကူးပြောင်းခဲ့သည်။

ယင်းသို့ ကူးပြောင်း ခြင်းကြောင့် မဲဆန္ဒရှင်တစ်ဦး ဖြစ်သည့် ကိုအောင်လေးမှ “ ကျွန်တော်တို့ မဲပေးခဲ့တာ က NDF ကို ပေးခဲ့တာ … အခု NLD ဖြစ်သွားတယ် … မဲဆန္ဒရှင်တွေကို စော်ကားတာနဲ့ တူတာပေါ့ … တကယ်ဆို သူ့တစ်ဦးတည်းဆန္ဒနဲ့ လုပ်သွားတာကတော့ မကောင်းဘူးလေ ” ဟုပြောကြားခဲ့သည်။ ပါတီ ကူးပြောင်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရသည်။

သို့သော် နိုင်ငံတော်သမ္မတမှ “ မတူတာတွေကို ဘေးဖယ်၊ တူတာတွေကို စုပြီး နိုင်ငံဖွံ့ဖြိုးတိုး တက် ရေးအ တွက် လက်တွဲ လုပ်ဆောင်သွားကြမယ် ” ဟုပြောခဲ့သော မိန့်ခွန်းပါအချက်အရ ယနေ့ ပြည် ထောင်စု လွှတ်တော် အတွင်းတွင် ပါတီစွဲမရှိဘဲ နိုင်ငံ့အကျိုးအတွက် တက်ညီလက်ညီ လုပ်ဆောင်နေသူများရှိ သကဲ့သို့ မိမိတို့ အကျိုးအတွက် လုပ်ဆောင် နေသူများလည်း ရှိနေသေးသည်။

Channelnewsmyanmar

No comments: