Wednesday, March 27, 2013
မက္ကာအစိုးရ မင်းသား ခါလက် အယ်ဖိုင်ဆယ် က မြန်မာ ဒုက္ခသည်များအား ဆော်ဒီအာရေ ဗျ နိုင် ငံတွင်း အခမဲ့နေထိုင်ခွင့် ပေးမည်ဖြစ်ရာ အဆိုပါ သမိုင်းတွင်မည့် လုပ်ရပ်အရ ဒုက္ခသည် ၅ဝဝဝဝဝ နီးပါး နိုင်ငံတွင်းနေခွင့် ရမည်ဖြစ်ကြောင်းသိရသည်။
မက္ကာအနီး ကူဒိုင်းရောက် မင်းသားက ''ယခုကဲ့သို့ ဆုံးဖြတ် ချက် ချနိုင်ခြင်းအတွက် အထူးဝမ်း မြောက် မိကြောင်း၊ နိုင်ငံတွင်း ကာလရှည်နေထိုင်ခဲ့သူနိုင် ငံခြား သား အများအပြားကို ယခုကဲ့သို့ နေထိုင် ခွင့်ပေးနိုင်မှုအတွက် ပီတိ ဖြစ်မိကြောင်း'' ဆိုသည်။ ဘုရင် အဗ္ဗဒူလာနှင့် ဗလီဝတ်ကျောင်း နှစ် ခုမှ ဂေါပကများကိုလည်း ကျေးဇူး တင်ကြောင်း ၄င်းက ပြောသည်။
ဆော်ဒီရောက် မြန်မာ အသိုင်းအဝိုင်း အပါအဝင် အိုအိုင် စီ အထွေထွေအတွင်းရေးမှူး အက်မဲလာဒင် အီဆန်နိုလူးရှေ့ မှောက် ၄င်းကို သောင်းသောင်းဖြဖြ အားပေးစဉ် ပြောဆိုရာ၌ ''မက္ကာ မြို့ဝန်ဖြစ်ပြီး ကတည်းက အဗ္ဗဒူ လာ မင်းတရားကြီးကို ဦးဆုံး တင်ပြခဲ့တာ ဒီကိစ္စပါ။
မင်းကြီးက မြန်မာမူဆလင်တွေ အများစုနေ ထိုင်တဲ့ ဒေသတွေ အခြေအနေ တိုးတက်ရေးအတွက် အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ လူနေရပ် ကွက်တွေ ဖွံ့ဖြိုးဖို့ လုပ်ခဲ့ပါတယ်။ ဝန်ကြီးအဆင့် ကော်မတီတွေ က တစ်ဆင့်ပေါ့'' ဟု ဆိုသည်။
ယင်းက ဆက်လက်၍ ကမ္ဘာ ပေါ်ရှိ အထူးခြားဆုံး အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဒုက္ခ သည်များ နေ ထိုင်ရာ ရပ်ကွက်များ ဖွံ့ဖြိုးရေးသာမက အဆိုပါခိုကိုးရာ မဲ့ ၄ဝဝဝဝဝ မှ ၅ဝဝဝဝဝ ခန့်၏ ဘဝများကို ပြန်လည် ထူထောင်ပေး မည်လည်း ဖြစ်ကြောင်း ပြောသည်။ ယင်းသို့ ထူထောင်ရာတွင် ကျန်းမာ ရေးစောင့်ရှောက်မှု၊ လူမှုဝန်ဆောင် မှု၊ ပညာရေးအပါအဝင် ဒေသဖွံ့ဖြိုး ရေးစသည်တို့ ပါရှိမည်ဟု သိရသည်။
အဆိုပါဒုက္ခသည်များကို အလုပ်အကိုင် ရရှိရေး သင်တန်း ပေးမည်ဖြစ်ရာ အလုပ်သမား ဝန် ကြီးဌာန၏ အစီအမံဖြင့် မြန်မာ ဒုက္ခသည်များ အလုပ်အကိုင် ရစေ ရေး ပုဂ္ဂလိကပိုင် ကုမ္ပဏီငယ်များ ဖွင့်လှစ်နိုင်ရန် ပံ့ပိုးသွားမည် ဖြစ် သည်။ယခုကဲ့သို့ အစီအစဉ်ကို ကမ္ဘာတစ်လွှား မည်သည့်နေရာတွင်မှ မတွေ့ နိုင် ကြောင်း မင်းသားက ဆိုသည်။
ဒုက္ခသည်များကို နိုင်ငံတွင်း အခမဲ့ လေးနှစ် နေထိုင်ခွင့် အပါ အဝင် လူမှုဝန်ဆောင်မှုများ ပေး မည့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ဟာရစ်က ''ဒါဟာ ကမ္ဘာမှာ တစ်ခါမှ မပေါ်ပေါက်ဖူးသေးတဲ့ အဖြစ်ပါ'' ဟုဆိုသည်။
S.T
Ref: Arab News
Popular Myanmar News Journal

No comments:
Post a Comment