Wednesday, March 27, 2013
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေ ကြား ဖြစ်ပွားနေ တဲ့ အကြမ်းဖက် ပဋိပက္ခ သ တင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ထိတ် လန့်မိကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။ အဲဒီကြေညာချက် မှာ မြန်မာနိုင်ငံအလယ် ပိုင်း မိတ္တီလာမြို့မှာဖြစ်ပွားခဲ့ တဲ့ ဘာသာရေးအ ကြမ်းဖက် ပဋိပက္ခတွေဟာ တခြားမြို့နယ်တွေကိုပါ ကူးစက်ပြန့်ပွားလာနေတဲ့အတွက်ပိုပြီးစိုးရိမ်စရာဖြစ် လာပါတယ်၊ ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့်၊ ကြိုတင်ကာ ကွယ်တားဆီးရေး အစီအမံတွေ နေရာတကျ စီစဉ်မထားဘူးဆိုရင် နောက်ထပ်အကြမ်းဖက်တာတွေ ထပ်မံပေါ်ပေါက်လာနိုင်ဖွယ် ရှိနေပါတယ်၊ ဒီစီမံဆောင်ရွက်မှုတွေဟာ လတ်တလောဖြစ်ရပ်တွေရဲ့ အကျိုး ဆက်တွေကို ကိုင်တွယ်ဖြေရှင်းပေးရုံသာမက၊ ပြဿနာရဲ့အရင်းအမြစ်ကိုပါ ဖယ်ရှားနိုင်ရမှာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ လူမျိုးဘာသာမခွဲပဲဖြစ်ပြီး ဖြစ်နေဆဲအကြမ်းဖက်မှုတွေအပေါ် အလေးအနက်တာဝန် ယူတယ်ဆိုတာ ထင်ထင်ရှားရှားဆောင်ရွက်ပြသရမှာဖြစ်ပါတယ်၊ ဒုက္ခကြုံနေရတဲ့ ပြည်သူတွေအတွက် အကာအကွယ်ပေးရမှာဖြစ်ပါတယ်လို့ မစ္စတာ Diengက တိုက်တွန်းလိုက်ပါတယ်။
ဒါ့ပြင်ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ ရပ်ရွာအသိုင်းအ၀ိုင်းတွေ ကိုယ်တိုင်က လည်း မတူညီတာတွေအပေါ်လေးစားတတ်တဲ့၊ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်တတ်တဲ့ ယဉ်ကျေးမှု ကို မြှင့်တင်ကြရမှာဖြစ်ပါတယ်၊ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးဆောင်ရွက်မှုေ တွကြောင့် နိုင်ငံတ ကာက ရင်သပ်ရှုမောအံ့သြခဲ့ရတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိတယ်ဆိုတာ၊ ဘာသာလူမျိုးမခွဲပဲ အကြမ်းဖက်ဘေးက အကာအကွယ်တွေ ရရှိနေတယ်ဆိုတာပြသကြဖို့လိုပါတယ်လို့ လူမျိုးတုန်း သတ်ဖြတ် မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng ရဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။
RFA

No comments:
Post a Comment