Tuesday, March 12, 2013

"ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းအပေါ် အရပ်ဘက် လူ့ အ ဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့အစည်း များ၏သဘောထားကြေညာချက်"

Tuesday, March 12, 2013
၁၂.၃.၂၀၁၃

ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူ ကြမ်းကို ပြင်းထန်စွာ ကန့်ကွက်သည့် သဘောထားတောင်းခံသော မျက်နှာစုံ ညီ ဆွေးနွေးပွဲကို အလံပြဘုရားလမ်းရှိ ယုဇနဂါဒင်းဟိုတယ်တွင် မတ်လ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း(MJA) ၊ မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)၊ သတင်းလွတ်လပ်ခွင့်ကော်မတီ၊၈၈ မျိုးဆက်ကျောင်းသား ငြိမ်း ချမ်းရေးနှင့်ပွင့်လင့်လူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီစု စည်းရေးကော်မ တီ(ပြည်တွင်း) ၊ဗကသများအဖွဲ့ချုပ်၊နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊နိုင်ငံရေးအ ကျဉ်း သားဟောင်းများအဖွဲ့ချုပ်၊ လူမှုရေး အဖွဲ့အစည်းများ၊သတင်းမီဒီယာ များ၊ ထုတ်ဝေသူများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ခဲ့ကြသည်။



အဆိုပါဆွေးနွေးပွဲမှ အောက်ပါအတိုင်းဆုံးဖြတ်လိုက်သည်

၁။ ဖေဖော်ဝါရီ၂၇ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ ထုတ်ပြန်ကြေ ညာ ခဲ့သော ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ကို ပြန် လည်ရုတ်သိမ်းပေးရေးကို တောင်းဆိုသည်။

၂။ပုံနှိပ်နှင့်ထုတ်ဝေခြင်းလုပ်ငန်းများပါ အကျုံးဝင်မည့် စာနယ်ဇင်းကောင်စီ က ရေးဆွဲထားသော မီဒီယာ ဥပဒေမူကြမ်းသည် ပြည်သူလူထု၏ အကျိုးစီး ပွားကို အာမခံပါက ထောက်ခံသွားမည်။

၃။ယခုထုတ်ပြန်ချက်အား နိုင်ငံတော်သမ္မတ ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌများထံ ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ

Popular Myanmar News Journal

No comments: