Monday, April 01, 2013

သံတွဲမြို့တွင် ရခိုင်အမျိုးသမီးတို့ ဘ၀လုံခြုံရေး ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မည်

Monday, April 1, 2013
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ရခိုင်အမျိုးသမီး များဘ၀ လုံ ခြုံမှုရှိစေရေးအတွက် လာမည့်ဧပြီလ(၄)ရက်နေ့ တွင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွား မည်ဖြစ်ေ ကြာင်းဦးဆောင်စီစဉ် သည့်ရခိုင်မှု ကွန်ယက် ၏ခေါ င်းဆောင်များ ကဆိုသည်။ အဆိုပါဆန္ဒဖော် ထုတ်ပွဲ ကို လူ(၂၀၀)ခန့် ဖြင့်ပြု လုပ်မည်ဖြစ်ပြီး၊ ယင်းနေ့ နံ နက်(၈)နာရီမှ၁၀နာရီ အထိငြိမ်းချမ်းစွာ လမ်းလျှော က် ဆန္ဒဖော် ထုတ်သွား မည်ဟုစီစဉ်သူများက ပြော သည်။ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်နှင့်ပတ်သက်၍ သံတွဲလူမှုကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုးက " အစပိုင်းမှာ ဧပြီ ၃ ရက်နေ့လုပ် မယ်ဆုံးဖြတ် ထားပေမယ့် ယင်းနေ့က သံတွဲမှာရှင်ပြုပွဲရှိနေတော့ သက်ဆိုင် ရာနှင့် ဆွေးနွေးပြီး၊ ဧပြီ၎ ရက်ကို ပြောင်းလိုက်ရတယ်။ ပြီးတော့မှ မတ်လ၂၉ ရက်နေ့၊ နေ့လည်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို ကျနော်တို့ ခွင့်ပြုချက်တင်ပါတယ်။ မြို့နယ်မှူးကလည်း လက်ခံတယ်။ သက်ဆိုင် ရာက ကန့်ကွက်မယ့် လက္ခဏာကိုတော့ မတွေ့ရသေးဘူးဗျ။ " ဟု ဆိုသည်။ယခု ဆန္ဒဖော်ထုတ် ပွဲ ပေါ်ပေါက် လာရခြင်းမှာ " လွန်ခဲ့သည့် ဇန်န၀ါရီ၂၅ ရက်နေ့ကသံတွဲမြို့နယ်၊ ဆိပ်ကြီးကျေးရွာ၌ ရခိုင် အမျိုးသမီးတစ်ဦးကို ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်ခဲ့သည့် အမှုအားခရိုင်တရားရုံး၏ တရားစီရင်မှု အလွန်နှောင့်နှေးကြန့်ကြာနေခြင်း" နှင့်"ဘင်္ဂလီများကျူး လွန်ထားသည့် အမှု ၁၀ ကျော်ကို စီရင်ချက်မချ သေးဘဲထားရှိခြင်း" တို့ကြောင့် ဖြစ်ရသည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြော
သည်။ဆန္ဒဖော်ထုတ်ပွဲ၏ တောင်းဆိုချက်များမှာ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးတောင်းဆို ချက် အပြင် လက် ရှိသံတွဲတရား ရုံး၏ တရားစီရင်ရေး ကဏ္ဍနှောင့်နှေးကြန့်ကြာနေမှုအား ကန့်ကွက်ခြင်း အပါအ၀င် ရခိုင်အရေးနှင့်သက်ဆိုင်သည့် တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုသွားမည်ဟု သိရသည်။
၂၀၁၃၊ မတ်လအတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ် များ၌ "ဘင်္ဂလီများအား နိုင်ငံသားစီစစ်ခြင်းမရှိဘဲ အိမ်ရာဆောက်ပေးမည့် အစီအစဉ်အပေါ်ဆန္ဒဖော်ထုတ်" ကန့်ကွက်ခဲ့ရာတွင် ခွင့်ပြုချက်မရဘဲလုပ်သည်ဟုဆိုကာ အနည်းဆုံးလူ၉ ဦးကို အရေးယူထားကြောင်းကို လည်း သိရသည်။
NEWS COLLECTION


No comments: