Tuesday, April 23, 2013
အသုံးပြုသူကို မူလလက်တစ်ချောင်းပမာ ထိတွေ့ခံ စားမှုအာရုံ ပေးနိုင်သည့် ကမ္ဘာ့
ပထမဆုံး လက်တု ကို သိပ္ပံ ပညာရှင်များက ထုတ်လုပ် နိုင်ခဲ့ကြပြီးယခု
အချိန်တွင် ၎င်းလက်အတုကို လက်မရှိသောလူများ ၏ လက်မောင်းတွင် အစားထိုးတပ်ဆင်ပေးရန်စီစဉ် လျက်ရှိသည်။ယခင်ကထုတ်လုပ်ခဲ့သည့်လက်အတု များသည် ဦးနှောက်မှ အချက်ပြမှုကို လက်ခံကာ အချက်ပြမှု အတိုင်း
ရွေ့လျား ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ၎င်းလက်တုများသည် ယခု
လက် တုကဲ့သို့ ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည်မပေးပို့
နိုင်ခဲ့ကြပေ။ ယခင်လက်အတုသည်လက်ေ မာင်း ပင်မအာရုံကြော နှစ်ခုပေါ်၌
တပ်ဆင်ထားသော အီလက်ထရုဒ် များမှတစ်ဆင့် အာရုံကြောစနစ်သို့
တိုက်ရိုက်ဆက်သွယ် ပေးထားသည်။အီလက် ထရုဒ်များသည်လက်အတုတပ်ဆင်အသုံးပြု သူ၏စိတ် ကူးအတိုင်း လက်တုကို လှုပ်ရှား ဆောင်ရွက်
ပေးနိုင်ပြီး လက်အတု၏ ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည်
ပေးပို့နိုင်သည်။ ယခုကဲ့သို့ ခံစားမှုကို တုံ့ပြန် ပေးနိုင်သည့် လက်အတုကို
ဖန်တီး နိုင်မှုသည် အနာဂတ်ကာလတွင် လက်တု အသစ်များ ထုတ်လုပ်နိုင်ရေးအတွက်
လမ်းခင်း ပေး သကဲ့သို့ဖြစ်စေသည်။ လက်တုတပ်ဆင်သူများကို ထိတွေ့ ခံစားမှု
အာရုံပေးနိုင်ခြင်း၊ လက်တုကို လက်အစစ် တစ်ချောင်း ပမာ အသုံးပြုနိုင်ရန်
အဆင့်တိုးမြှင့်နိုင်ခြင်းတို့သည် ခန္ဓာကိုယ်၏ မူလ
အစိတ်အပိုင်းများကဲ့သို့ ခြေလက်အင်္ဂါ တုများကို တပ်ဆင် အသုံးပြု နိုင်မည့်
အခြေအနေမှာ ပိုမိုနီးကပ်လာပြီဟုမျှော်လင့်ရကြောင်း သိပ္ပံပညာရှင်များက ပြော ကြားသည်။ယခု ကဲ့သို့သော လက်အတု ကို ဖန်တီး နိုင်မှုသည် လက်ဖြတ်ေ တာက် ကုသခံရမည့် လူနာများအတွက် မျှော်လင့်ချက်ဖြစ်ပြီး လက်တု အသုံးပြုသူများအား ထိတွေ့ခံစားမှု အာရုံကို မူလလက်အတိုင်း တုံ့ပြန်မှု ပေးနိုင်သည့်
ပထမဆုံး လက်အတု ဖြစ်လာမည် ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လက်မောင်း
တစ်ခုလုံးကို အစား ထိုး နိုင်လိမ့်မည်ဟု မျှော်လင့် ရကြောင်း
ဆွစ်ဇာလန်အခြေစိုက် Ecole Polytechnique Federalede Lausanne မှ ဒေါက်တာ
ဆေလ်ဗာစတို မီဆီရာက ပြောကြားသည်။
Today Myanmar
No comments:
Post a Comment