Tuesday, April 23, 2013

တိုင်းရင်းမီဒီယာ ညီလာခံနှင့်ပတ်သက်၍ သံလွင်တိုင်းမ်ဂျာနယ် ကြေညာချက်ထုတ်ပြန်

Tuesday, April 23, 2013
လွတ်လပ်သော မွန်သတင်းအေဂျင်စီ - မကြာမီရက်အပိုင်းအတွင်း ကျင်းပမည့် ပထမအကြိမ် တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရေးညီလာခံနှင့် ပတ် သက်ပြီး သံလွင်တိုင်းမ်ဂျာနယ်က ဧပြီလ ၂၂ ရက် ယနေ့ရက် စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းမီဒီယာ ညီလာခံဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုမင်းမင်းနွယ်က “အခု ကျင်းပမှာက ပထမ အကြိမ်ညီ လာခံပေါ့နော်၊ နောက် ထပ် နောင်နှစ်ဘယ်အချိန်မှာ ဆက်လက်ကျင်းပဖို့ကိုတော့ အဖွဲ့ ဝင်တွေအားလုံး ဒီအစည်းအဝေးမှာ ဆုံးဖြတ် ချက်ရလဒ်အပေါ်မှာ ကျနော်တို့ပြုလုပ်သွားမယ်” ဟု ပြောသည်။

တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားဘာသာစကားကိုအခြေပြုသည့် ဘက်စုံမာလ်တီမီဒီ ယာပေါ် ထွန်းရေး၊ တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍမြင့်မားလာရေးနှင့် လွတ်လပ်ပြီးနိုင်ငံတ ကာစံ ချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိသည့် အပြင် နိုင်ငံတွင်းရှိ ပကတိအခြေအနေများနှင့် ကိုက်ညီမှု ရှိသည့် မီဒီယာဥပဒေတစ်ရပ်ပေါ်ထွန်းလာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုကျင်း ပရခြင်းဖြစ်သည်။

တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရေးညီလာခံတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ စထရင်းဟိုတယ် (Strand Hotel)၌ ဧပြီလ ၂၅ ရက် ၂၆ နှင့် ၂၇ ရက်နေ့များတွင် သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ယခု ကျင်းပမည့် တိုင်းရင်းမီဒီယာညီလာခံကို ချင်းမိုင်အခြေစိုက် နိုင်ငံတကာ မြန်မာ့သတင်း Burma News International (BNI)၊ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ်နှင့် စနောင်း တိုင်း (Guiding Star) ဂျာနယ်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။



ယင်းညီလာခံအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယဝန်ကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံးမှ သံအရာရှိများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များ၊ နိုင်ငံတကာနှင့်ဒေသတွင်းမှ မီဒီယာများနှင့် သတင်းစာ နယ်ဇင်း ဆိုင်ရာ ကျွမ်းကျင်သူများ၊ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ကိုယ်စားလှယ်များ၊ မြန်မာ့တိုင်းရင်း မီဒီယာများ၊ အလှုရှင်တို့ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်ဟု ၄င်းကြေညာချက်တွင် ဖော်ပြပါရှိသည်။

ညီလာခံဆွေးနွေးပွဲတွင် အသစ်ရေးဆွဲပြဌာန်းမည့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိပြီး ဒေသတွင်း လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည့် မီဒီယာဥပဒေသစ် ရေးဆွဲနိုင်ရေး၊ မြန် မာနိုင်ငံ ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ0x081ဍမြင့်မားလာရေး၊ စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသားမီဒီယာများ ကိုယ်စားပြုရရှိရေး၊ တိုင်းရင်းသားမီဒီ ယာဖွံ့ဖြိုး ရေးတွင် တိုင်းရင်းသားတို့၏ ဘာသာစကားသည် အရေးကြီးသည် ဆို သည့် အချက်ကို အသိ အ မှတ်ပြုရေး၊ တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးရေးအတွက် ယင်းတို့၏ အခန်း ကဏ0x081ဍ၊ အခက်အခဲနှင့် စိန်ခေါ် မှုများ၊ အခွင့်အလမ်းများကို လေ့လာဆန်း စစ်ဖော်ထုတ် သွားရေး နှင့် သတင်းမီဒီယာဆိုင်ရာ ကျင့် ဝတ်နှင့် သတင်းမီဒီယာဆိုင်ရာ တိုးတက်မြင့်မား လာရေး စသည့် တို့ ဆွေးနွေးသွားမည်ဟု အထက် ပါ ကြေ ညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

မွန်သတင်း

No comments: