Tuesday, April 23, 2013
ၾသစေၾတးလ် နိုင်ငံက လူဦးရေး ဟာ မနေ့က ၂၃သန်း မိနစ်ပိုင်းအတွင်းပြည့်တော့်မယ်လို့ ခန့်မှန်း ထား တာဖြစ်လို့ ဒီ ကနေ့ မနက်မှာတော့ သြစတြေး လျ နိုင်ငံက လူဦးရေဟာ ၂၃သန်း ကျော်သွားပြီဖြစ် ပါတယ်။ သြစတြေးလျ လူဦးရေနဲ့ စာရင်းအင်းဌါန သုတေသနတွေအရ သြစတြေးလျ နိုင်ငံမှာ တမိနစ် နဲ့ ၂၃ စက္ကန့်တိုင်း လူဦးရေ တယောက်တိုးပွါးနှုန်း ရှိတယ်လို့ ဆိုပါတယ်။
စာရင်းအင်း ကောက်နှုတ်ပြုစုတဲ့ ဌါနက ပြီးခဲ့တဲ့ နှစ် လူဦး ရေအပေါ် အခြေခံပြီး၊ တနိုင်ငံလုံးအတိုင်းအတာ ရဲ့ ဖွါးသေနှုန်း အပါအဝင်၊ နိုင်ငံတကာ က နေပြောင်းရွေ့လာရောက်နေ ထိုင်မှုတွေကိုပါ ထည့်တွက်ပြီး တမိနစ်ခွဲ လောက်မှာ လူဦးရေတယောက် တိုးနှုန်းရှိ တယ်လို့ ဆိုပါတယ်။
နှစ်စဉ်နှစ်တိုင်း ပြည်ပက လူဦးရေ ၁၈၀၀၀၀ လောက် သြစတြေးလျနိုင်ငံကို လာရောက် အခြေချနေ ထိုင်ကြတာကိုပါ ထည့်တွက်ပြီး ပြောဆိုတာ ဖြစ်ပါတယ်။ စီးပွားရေးအရ သြစတြေးလျက အသုံးစ ရိတ်လျော့ ချရမယ့် အနေအထားရှိနေဆဲ
သြစတြေးလျနိုင်ငံက စီးပွါးရေးဆိုင်ရာ ခန့်မှန်း ပြောဆိုရာမှာ ထိပ်က အမြဲပြေးနေ တဲ့ အေဂျင်စီ က နောက် လာမည့် ၃ နှစ်မှာ သြစတြေးလျ နိုင်ငံကအသုံးစရိတ်လျော့ချသုံးစွဲ သွားရမှာ ရှိတဲ့အနေအထားရှိ နေတယ်လို့ ဆိုပါတယ်။
သြစတေတြးလျ နိုင်ငံရဲ့ တွင်းထွက်ပစ္စည်းဝင်ငွေ တွေ ကျဆင်းလာတာနဲ့ အမျှ၊ ချေးငွေ အတိုး နှုန်းတွေ ဆက်ပြီး ချထားရမှာ ဖြစ်တဲ့ အတွက်ကြောင့်၊ရောင်းဝယ်ဖေါက်ကားရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွင် ကျယ်မှု အပေါ် မှီခိုအားထား ပြီး စီးပွါးရေးလည်ပတ်မှု ရှင်သန်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ အနှံ့ သုံးစွဲမှု တွေ လျော့ချ နေရသလို သြစတြေးလျ နိုင်ငံမှာလဲလျော့ချမှု တွေ လုပ်ဆောင်သွားရမှာ ဖြစ်တဲ့အကြောင်း၊ မကြာသေးခင်က အရှိန်တဟုန်ထိုး တိုးတက်နေတဲ့ လုပ် ငန်း တွေ တောင် သတိထား နေရ တဲ့အကြောင်း၊ စီးပွါးရေးကဏ္ဍတွေ မှာ - အထူးသဖြင့် - သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေက အ ဦး ဆောင်ပြီး အသုံးစရိတ်တွေကို လျော့ချနေတာ ကို မြင် နေ ရတယ်လို့ ဆိုပါတယ်။
ABC Radio Australia

No comments:
Post a Comment