Tuesday, April 23, 2013
ဒုတိယကမ္ဘာစစ် ကာလအတွင်း အိန္ဒိယသမုဒ္ဒရာဒေ သမှာ စစ်မှုထမ်းခဲ့တဲ့ သြစတြေးလျ ရဲဘော်ဟော င်းတွေကိုအသိအမှတ်ပြုတဲ့ မော်ကွန်းမှတ်ကျောက် တိုင်တွေ သို့မဟုတ် ဂုဏ်ပြုတံဆိပ်တွေ ချီးမြှင့် တင်တယ်လို့ စစ်ပြန်ရဲဘော်တွေ အတွက် လှုပ် ရှားပေးသူတွေက ပါလီမာန်အမတ်တွေကို တိုက် တွန်းနေကြပါတယ်။ သြစတြေးလျနိုင်ငံမှာ ကမ္ဘာ စစ်တွေအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေး တပ်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြာသ ပတေးနေ့ကျရင် ဂုဏ်ပြုပွဲအခမ်းအနားကို နိုင်ငံတခွင်မှာ ရုံးပိတ် ကျောင်းပိတ်ရက်အဖြစ် အကြီးအကျယ် ကျင်းပမှာဖြစ်ပြီး အဲဒီနေ့ကို Anzac Day လို့ သတ်မှတ်ပြီး ကျင်းပလေ့ရှိပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း သြစတြေးလျနိုင်ငံသားတချို့ အိန္ဒိယသမုဒ္ဒရာ တခွင်ဖြစ်တဲ့ အရှေ့ အာဖရိကကနေ မြန်မာနိုင်ငံနဲ့ ယခင်က Ceylon၊ အခု သီရိလင်္ကာလို့ခေါ် တဲ့ နိုင်ငံတွေ အထိ တောက်လျောက် စစ်မှုထမ်းလာခဲ့တာတွေရှိပြီး ဂျပန်နဲ့ ဂျာမနီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ သူတို့ရဲ့ ပါဝင်မှုတွေကို ပိုမို အသိအမှတ်ပြုတဲ့အနေနဲ့ သီးသန့် အမှတ်တံဆိပ် ဒါမှမဟုတ် ကျောက်တိုင်တည်ပြီး လုပ်ဆောင်ပေးသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။
တဆက်တည်းမှာပဲ ဒုတိယကမ္ဘာစစ်အတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီး ထိုင်း-မြန်မာ ရထားလမ်းဖောက်လုပ်ရေးမှာ အကျဉ်းသားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရတဲ့ စစ်မှုထမ်းဟောင်းတချို့ဟာ သူတို့အလုပ်လုပ်ခဲ့ရတဲ့ ဒေသကို သွားရောက်လည်ပတ် နေကြပါတယ်။
အဲဒီရထားလမ်းဖောက်လုပ်ရေးအတွင်း ဗြိတိသျှမဟာမိတ်တပ်သား အယောက်ပေါင်း ၇၀၀ ကျဆုံးခဲ့ရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကို လိုက်ပါသွားတဲ့ အသက် ၉၂ နှစ်အရွယ် စစ်မှုထမ်းဟောင်း Bob Goodwin ကတော့ သြစတြေးလျနိုင်ငံကို ပြန်မရောက်နိုင်တော့တဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သွားပြီး ဂါရဝပြုဖို့ အရေးကြီးတဲ့အတွက် ခုလို ခရီးရှည် သွားရတာ ဖြစ်တယ်လို့ ပြောပါတယ်။
သူတို့အနေနဲ့ ခုလို သွားရောက် ဂါရဝပြုတဲ့အတွက် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ လည်း ကျေနပ်နှစ် သိမ့်မှု အနည်းငယ်ရမယ်လို့ မျော်လင့်သလို သူ့အနေနဲ့လည်း စိတ်သက်သာရာ ရမယ်လို့ မျော် လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ABC Radio Australia

No comments:
Post a Comment