Tuesday, April 23, 2013
မြန်မာနိုင်ငံမှာ လူနည်းစုတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိတယ်လို့ လူ့အခွင့် အရေးေ စာင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch (HRW) က ပြောပါတယ်။ ရိုဟင်ဂျာလူ မျိုးတွေဟာလည်း လူသားများအပေါ် ကျူးလွန် တဲ့ ပြစ်မှုတွေ ကျူးလွန်ခံနေရပြီး အဲဒီထဲမှာ သတ်ဖြတ် ခံရမှုတွေ၊ ပြစ်ဒဏ်ပေး ခံရမှုတွေ ၊ နှင် ထုတ် ခံရမှုတွေနဲ့ အတင်းအ ဓမ္မ ပြောင်းရွှေ့ခံရ မှုတွေ ရှိခဲ့တယ်လို့ နယူးယောက်မြို့ အခြေစိုက် လူ့ အ ခွင့် အ ရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ရဲ့ “လုပ်နိုင်တာ ဆုတောင်းရုံပဲ” လို့ နာမည်ရတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို နာမည်ပေးရတာကလည်း မူစလင်ခေါင်းဆောင်တစ်ဦးက ပဋိပက္ခအတွင်း မူစလင်လူမျိုးတွေကို ကာကွယ်ဖို့ စစ်တပ်ကို အကူအညီတောင်းတဲ့အခါ စစ်တပ်ကိုယ်တိုင်က မင်းတို့ လုပ်နိုင်တာ ဆုတောင်းရုံပဲ လို့ ပြောခဲ့တဲ့အတွက် အစီရင်ခံစာကို အဲလို နာမည်ပေးတာဖြစ်တယ်လို့ အဖွဲ့ရဲ့အကြီးအကဲတစ်ဦးဖြစ်သူ Phils Robertson က ရေဒီယိုသြစတြေးလျကို ပြောပါတယ်။
မူစလင်လူမျိုးတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေမှာ လူမှုအသိုင်းအဝိုင်းအကြီးအကဲတွေ၊ ဗုဒ္ဓသံဃာတော်ေ တွ ပါဝင်တာတွေ၊ တွန်းအားပေးတာတွေလုပ်ပြီး မြန်မာအစိုးရ လုံခြုံရေးတပ်တွေကလည်း မျက် ကွယ်ပြုကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လူအယောက်ပေါင်း ၁၀၀ ကျော်ကို တွေ့ ဆုံမေးမြန်းမှုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ လူအစုလိုက်အပြုံလိုက် မြုပ်နှံခံရတဲ့ သင်္ဂျိုင်းမြေ ၄ ခု ရှိတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဂျွန်လတုန်းက မြန်မာအစိုးရပိုင် ထရပ်ကားတစ်စီးကနေ အဝတ်တွေ မပါတဲ့ ခန္စာကိုယ်တွေနဲ့ တချို့တဝက်မှာ ပါတဲ့ ခန္ဓာကိုယ်တွေကို ဒုက္ခသည်စခန်းတစ်ခုနားမှာ မြေမြုပ်ခဲ့တယ်လို့ HRW အဖွဲ့ ကပြောပြီး ဒါဟာ ရိုဟင်ဂျာတွေကို အပြင်မထွက်အောင် ခြောက်လှန့်တဲ့အနေနဲ့ ပြုလုပ်တာလို့ ယူဆထားကြပါတယ်။
ရိုဟင်ဂျာတွေသာမက တခြားမူစလင်တွေလည်း ပစ်မှတ်ထားခံနေရတဲ့အတွက် မိတ္ထီလာမြို့ ပဋိပက္ခဖြစ်ပေါ်ပြီး လူပေါင်း ၄၃ ယောက် သေဆုံးရတာလို့ ပြောပါတယ်။
ဘီဘီစီကရရှိထားတဲ့ ဗီဒီယိုတစ်ခုမှာလည်း မိတ္ထီလာမြို့ ရွှေဆိုင် ဖျက်ဆီးခံရတာကို ရဲတွေက တားဆီး မှုတွေ မလုပ်နိုင်ခဲ့တဲ့ပုံတွေ၊ ဒဏ်ရာရသူတွေကို သာမာန်လူတွေ ဖေးမကူညီမှုမလုပ်သလို ရဲတွေကိုယ်တိုင် လစ်လျူရှုခဲ့တာတွေနဲ့ ဒီအကြမ်းဖက်မှုတွေအတွင်း ဗုဒ္ဓသံဃာတော်တွေပါဝင်တဲ့ ပုံတွေကို တွေ့ခဲ့ရပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဝန်ကြီး ဦးရဲထွဋ်က ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မယ့် ဥရောပသမဂ္ဂရဲ့ အစည်းအဝေးနဲ့ ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့အတွက် Human Rights Watch ရဲ့လုပ်ဆောင် ချက်ကို မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အကြောင်း တစ်ဘက်သတ်ရရှိတဲ့ သတင်းတွေကိုသာ အခြေခံရေး သားထားတဲ့အပြင် အစီရင်ခံစာပါ စကားလုံးအသုံးအနှုန်းတွေဟာလည်း လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဆို ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီအစီရင်ခံစာအပေါ် အလေးထားမှာမဟုတ်ပဲ တရားဝင်ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေ၊ အကြံပေးချက်တွေကိုပဲ အလေးထား အကောင်အ ထည်ဖော်မယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တုန့်ပြန် ထားပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ အဲဒီအစီရင်ခံစာကို ထုတ်ပြန်ဖို့ သတ်မှတ်ရက် ကျော်လွန်ပြီး ၄ ကြိမ် တိုင်တိုင် ထုတ်ပြန်မှုမလုပ်သေးပဲ နှောင့်နှေးကြန့်ကြာနေတာ ဖြစ်ပါတယ်။
ABC Radio Australia

No comments:
Post a Comment