Friday, April 26, 2013

ပုသိမ်မြို့ရဲ့ ပထမဆုံး လူ့အခွင့်အရေးသင်တန်း

Friday, April 26, 2013
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ မြောင်းမြကျောင်း တိုက်အတွင်းမှာ လူ့အခွင့်အရေး အသိအမြင် ဖွင့်သင်တန်း (Human Rights Awareness Training) ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါဟာ ပုသိမ်မြို့မှာ ပထမဆုံးပြုလုပ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ သင်တန်းပါ။ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ငွေဆောင် စတဲ့ဒေသတွေက လယ်သမား၊တက္ကသိုလ်ကျောင်းသားနဲ့ နိုင်ငံရေးသ မားတွေကို ပို့ချပေးနေတာပါ။

“ကျနော်တို့ ပုသိမ်ဒေသမှာ ပြည်သူအများစုဟာ လူ့အခွင့်အရေးကို မသိကြပါဘူး။ နောက်တခုက အစိုးရပြည်ထောင်စုအဆင့်က ဒီမိုကရေစီသွားနေပေမယ့် အောက်ခြေမှာ ပြည်သူတွေရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေက ရှိနေသေးတယ်။ ဒါကြောင့် ပြည်သူတွေ ကိုယ်ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေးကို နားလည်ပြီး ကာကွယ်တတ်အောင်၊ အချိုးဖောက် မခံရစေဖို့အတွက် ဖွင့်လှစ်တာဖြစ်ပါတယ်” လို့ သင်တန်းတာဝန်ခံ ဦးဝင်းနိုင်က ဧရာဝတီကို ပြောပါတယ်။

ဧပြီ ၂၄ မှာ အစပြုတဲ့ ဒီသင်တန်းကို ၅ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ ဦးဝင်းနိုင်၊ ဦးသက်ပိုင်၊ ဒေါ်ဧကရီထွန်းတို့က သင်ကြားပို့ချပေးနေကြောင်း သိရပါတယ်။

irrawaddy

No comments: