Friday, April 26, 2013
အမေရိကန် နည်းပညာလုပ်ငန်းကြီး Appleသည် ၎င်းတို့၏ မိုဘိုင်းလ်OS မျိုးဆက်သစ်ဖြစ်သော iOS 7ကို ယခုနှစ်အတွင်း ထုတ်ဝေသွားဖွယ် ရှိနေကြောင်း သိရှိရသည်။ World Wide Developers Conference (WWDC 2013)တွင် Appleသည် iOS 7ကို စတင်မိတ်ဆက်လာဖွယ် ရှိနေကြောင်း Digital Trendsက ဖော်ပြခဲ့သည်။
Apple၏ နာမည်ကျော် ဒီဇိုင်း အင်ဂျင်နီယာ ဂျိုနသန် အိုင်ဗီသည် iOS 7တွင် ထဲထဲဝင်ဝင် မွမ်းမံမှုများ ပြုလုပ်ထားကြောင်း လူပြောများလျှက် ရှိသည်။ Apple၏ iOS 7တွင် iRadioပါဝင်လာဖွယ် ရှိသလို အာရုံခံ စနစ်သုံး Appများလည်း ထည့်သွင်းလာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျှက် ရှိသည်။
http://www.planet.com.mm/news/read.cfm/id/21420

No comments:
Post a Comment