Friday, April 26, 2013

Phone with Smile ဖုန်းတွေနဲ့ အပြုံးဝေ

Friday,April 26,2013
ကမ္ဘာတစ်ဘက်ကနေ နောက်တစ်ဘက်ကို ချက်ချ င်းဆက်သွယ်လို့ ရတဲ့ခေတ်ကို ရောက်နေပါပြီ။ ကွန်ပျူတာ၊ အင်တာနက်၊ ဖေ့စ်ဘွတ်၊ ကြိုးဖုန်း၊ လက်ကိုင်ဖုန်း၊ ထိုအထဲတွင် လူတွေရူးတာက ဖုန်းပေါ့။ အထူးသဖြင့် လက်ကိုင်ဖုန်းသည် လွတ် လပ်ပေါ့ပါးပြီး နေရာတကာ သယ်ယူသွားလို့ ရ သည်။ Privacy လည်း ရှိသည်။ နောက်ပြီး မကိုင်မိပါကလည်း miss call အနေဖြင့် ဘယ် သူခေါ်သည်ကို သိသည်။ လွတ်လပ်မှုရှိသော ထိုဖုန်းကို အများပြည်သူ လိုချင်သည်မှာ မဆန်းလှပါ။

ကိုဘသစ်ရေ မင်္ဂလာသတင်းလေးတွေနဲ့ စလိုက်ရင် မကောင်းဘူးလား။

ကောင်းတာပေါ့ဗျာ။ သင်္ကြန်ကာလပေါ့ဗျာ ဧပြီလမှာ သတင်းကောင်းလေးတွေ အများကြီးနဲ့ စခဲ့တယ်။

ဆိုပါဦး။





ပုဂ္ဂလိကသတင်းစာ

ပထမဦးဆုံးကတော့ ပုဂ္ဂလိက သတင်းစာတွေ ပေးလိုက်တာပေါ့၊ နိုင်ငံတကာမှာ မျက်နှာ မငယ်ရတော့ဘူးပေါ့။

ဘယ်လို။

နိုင်ငံတကာမှာက သတင်းစာဆိုတာ ပုဂ္ဂလိကပဲ ရှိတယ်။ ၁၉၆၄ ခုနှစ်နောက်ပိုင်း ဗိုလ် ချုပ်နေ ၀င်း က ပြည်သူပိုင် သိမ်းပြီးတဲ့နောက် အစိုးရပိုင် သတင်းစာတွေ ပေါ်လာတယ်။ နိုင်ငံပိုင် သတင်းစာ လို့ ခေါ် တယ်။ အဲဒီသတင်းစာ ပေါ်ခါစက ခုလို ပုဂ္ဂလိက သတင်းစာတွေ ပေါ်စလိုပဲပေါ့။

လူတွေ အံ့သြသွားတယ်။ အဲဒီအချိန်က နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထောင် ချထားတယ်။ သူ့ကိုသွားတွေ့တဲ့သူက သတင်းစာတစ်စောင် ယူသွားပြီး ဦးနုကို ပေးတယ်။

"ဒါနိုင်ငံပိုင် သတင်းစာ" လို့ပြောတော့ ဦးနုက အံ့သြသွားတယ်။

"နိုင်ငံက သတင်းစာ ပိုင်လို့ရလား" လို့လည်း မေးရှာသတဲ့။

ဟုတ်တယ်။ အကူးအပြောင်းဟာ လူတွေအတွက် ခုပြောင်းတာက ဂျာနယ်ကနေ သတင်းစာပုံ စံ ပြောင်း ရလေတော့ ပုဂ္ဂလိက သတင်းစာတွေဟာ နေ့စဉ်သတင်းစာနဲ့ မတူဘဲ ဂျာနယ်နဲ့ တူနေတော့တယ်။

ဒါလည်း ဒီလိုပါပဲ။ mindset ဖြစ်နေတယ်။ အစွဲတွေကြောင့်ပါပဲ။
၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ဖုန်းတွေ စတင် ခက်ခဲလာတယ်။ ၀န်ထမ်းအချို့နဲ့ အာဏာရ မိသားစု ဆွေ မျိုးတွေပဲ ဖုန်းရတယ်။ လိုင်းဖုန်းခေတ်နော်။ မိုဘိုင်းဖုန်းကတော့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှသာ ပေါ်ခဲ့ တာ ပါ။ ဖုန်းတစ်လုံး တန်ဖိုးဟာ ကားတစ်စီး တန်ဖိုးထက် . . .

ပုဂ္ဂလိက သတင်းစာလေးစောင် ထွက်လာတာ လူတွေစောင့်ကြည့်တဲ့ သဘောပေါ့။ ဒါပေမဲ့ ဆရာညိုရ... အစိုးရ သတင်းစာနဲ့ ပုဂ္ဂလိကသတင်းစာ ယှဉ်ထွက်နေတဲ့ ပွဲပေါ့လေ။ လူတွေက လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့် ရှိလာတယ်ဆိုရင် ကောင်းတဲ့လက္ခဏာပါပဲ။ ဒါကြောင့် ကိုဘသစ်က မင်္ဂလာသတင်းလို့ ပြောတာကိုး။



သမ္မတကြီးမိန့်ခွန်း

ဒုတိယ ပြောချင်တာက သမ္မတကြီးရဲ့ သင်္ကြန်မိန့်ခွန်းပါပဲ။

“ဟုတ်ကဲ့၊ လက်ရှိ သမ္မတကတော့ မိန့်ခွန်း အတော်ပြောတယ်။ သောကြာသား စကားပြောတယ်ဆို တာ သေချာနေတယ်လို့ ဆိုနိုင်တယ်။

ဆရာညိုက ဆရာစံဇာဏီဘို သူငယ်ချင်းလို့ မပြောဘဲ သိပါတယ်။ သောကြာသားကြောင့် စကားပြောတာ မဟုတ်ဘူးဗျ။ ဆိုရေးရှိက ဆိုအပ်လှ၏တဲ့။

အရင်ခေတ် အဆက်ဆက် ခေါင်းဆောင်တွေထဲမှာ ဒီမိုကရေစီ အစိုးရဖြစ်တဲ့ အချိန်မှာ ဦးနုက အတော် မိန့်ခွန်းပြောတယ်။ နောက်ဦးနေ၀င်း တော်တော်ပြောတယ်။ ဦးစောမောင်လည်း ပြောတာပါပဲ။

ဦးသန်းရွှေကတော့ လူထုကို တိုက်ရိုက်တစ်ခါမှ စကားမပြောခဲ့ဘူး။ ကျွန်တော်ကတော့ ပြည်သူတွေကို မိန့်ခွန်းပြောတာ ပွင့်လင်းမြင်သာတယ်ဆိုတာကို ဖော်ပြတယ်လို့ ယူဆတယ်။

ဟုတ်ပါတယ်။ မိဘပြည်သူများခင်ဗျားလို့ ပြောတဲ့အသံကို ကြားတော့ အရပ်ထဲက လူကြီးတွေ အတော် သဘောကျတယ်။ ခုသင်္ကြန်မိန့်ခွန်းဟာလည်း အတော်ကောင်းတယ်။ စိတ်ဝမ်းကွဲမှုနဲ့ ပဋိပက္ခများကို သင်္ကြန်ရေနဲ့ ဆေးပြီး တည်ငြိမ်တဲ့ နှစ်သစ်ကို မြင်လိုတယ်လို့ သူပြောခဲ့တာပါပဲ။

ဟုတ်ပါတယ်။ အရင်နှစ် (သက္ကရာဇ် ၁၃၇၄ ခုနှစ်)က မတည်မငြိမ် ပဋိပက္ခတွေ အတော်ဖြစ်တယ်။ ရခိုင် အရေးအခင်း ဖြစ်တယ်။ ဖြစ်ပုံက သိမ်မွေ့လွန်းတော့ ယနေ့တိုင် အစီရင်ခံစာ မထုတ်နိုင်သေးဘူး။

နောက်လက်ပံတောင်းတောင်ကိစ္စ ဖြစ်လာတယ်။ အစီရင်ခံစာ ထွက်လာပေမယ့် ပြည်သူတွေက မကျေ နပ်ကြသေးဘူး။

ဒါတွေအားလုံးဟာ ရိုးရိုးဆန္ဒပြတာထက် ပဋိပက္ခအသွင် ဆောင်နေတာကို တွေ့ရပေမယ် ဆရာ ညို။ နောက် မိတ္ထီလာအရေးကိစ္စတွေ ပေါ်လာတော့တာပါပဲ။ ဒါဟာလည်း အတော်လေး တုန်လှုပ်စ ရာကောင်းတဲ့ ကိစ္စပါ။

ယနေ့ကမ္ဘာကြီးဟာ တစ်ယောက်ဘာလုပ်လဲဆိုတာ နောက်တစ်ယောက်က မြင်နေရတယ်။ ဒီတော့ မမှန်တာလေးတွေ ပါလာတယ်ဆိုရင် ကမ္ဘာနဲ့ ရင်ဆိုင်ရတတ်တာကို သတိပြုသင့်တယ်။ အထူး သဖြင့် ခေါင်းဆောင်တွေက ရိုးသားရမယ်။

ခင်ဗျားပြောတော့ လူကြီးတွေ ပြောတာကို သတိရတယ်။ အစိုးရဆိုတာ အစပဲ ရိုးတယ်ဆိုတာ။

မှန်ပါတယ်။ အမေရိကန်နိုင်ငံက လူတွေကို မေးကြည့်လိုက်ပါ။ လူသုံးယောက်မှာ နှစ်ယောက်က "အာဏာဟာ လူကို ပျက်စီးစေတယ်။ ဒါကြောင့် အစိုးရဖြစ်လာတဲ့ သူတို့ခေါင်းဆောင်တွေဟာ ပျက်စီးလာ တယ်" လို့ ပြောသတဲ့။

ဒါကြောင့် သမ္မတသက်တမ်း နှစ်ကြိမ်ထက် မပိုစေရတာပဲပေါ့။

သမ္မတကြီး ဦးသိန်းစိန် ပြောသွားတဲ့ စကားထဲမှာ ကျွန်တော်သဘောကျတာကတော့ အရင်နှစ်က ဒီမိုကရေစီအရေး ကြိုးပမ်းမှု ဖြစ်စဉ်နဲ့အတူ လူမှုရေး အထင်အမြင် မှားယွင်းမှုမှတစ်ဆင့် စိတ်ဝမ်းကွဲမှုများ၊ အမည်းစက်များကို အတာရေနဲ့ ဆေးကြောဖို့ ပြောတာကိုပါပဲ။

ဟုတ်ကဲ့။ ကျွန်တော် ဒီမှာဖတ်ရတယ်။ ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးကလည်း "အဓိကကတော့ ကျွန်တော်တို့ မိသားစုလိုပဲ နေရမယ်လေ။ မိသားစုတွေထဲမှာ ပဋိပက္ခတွေလဲ ဖြစ်တတ်ပါတယ်။ ပဋိပက္ခကြောင့် အပြီးအပိုင် ပြိုကွဲသွားခြင်း မဟုတ်ဘူး။ ကျွန်တော်တို့ အတူတကွ နေထိုင်လာကြတဲ့အခါ ဘာသာ အသီးသီး လူမျိုးအသီးသီး ကွဲပြားခြားနားမှု ရှိမယ်။တူညီတာတစ်ခုက မြန်မာ့မြေပေါ် မှာ နေထိုင်လာ တဲ့ မြန်မာနိုင်ငံသားတွေ မိသားစုချင်း ညီအစ်ကိုတွေ စကားများကြတယ်။ ပြီးရင် ချစ်ချစ်ခင်ခင် ဖြစ်ရ ပါမယ်။ နှစ်ဟောင်းက အမုန်းတရားတွေကို နှစ်သစ်ကို မသယ်ဆောင်ဘဲ နှစ်ဟောင်းမှာပဲ ထားခဲ့စေ ချင်ပါတယ်" လို့ ပြောသွားသတဲ့။

အင်း ဒီလိုပြောင်းလဲမှု ဖြစ်စဉ်များကို ခုမြန်မာ့နွေဦး (Myanmar Spring) လို့တောင် တင်စားခေါ်နေ ကြတယ်။

လတ်တလော Messenger ဂျာနယ်ထဲမှာ ရေးထားတာ ဖတ်ရတယ်။ လူထုက ဒေါ်အောင်ဆန်း စုကြည် ကိုတောင် ဆန္ဒပြတာတွေ ရှိလာသတဲ့။ ဒေါ်စုဆိုတာ ပြည်သူက အင်မတန် မျှော်လင့်ထား တဲ့ ခေါင်းေ ဆာင်ပါ။ အခု ဒေါ်စုကိုတောင် ဆန္ဒပြတာတွေ ရှိလာနေတာဆိုရင် ဘာကိုဆိုတာ ဖော်ပြသုံးသပ်ရပါမလဲ။



ပျိုတိုင်းသုံးတဲ့ မိုဘိုင်းဖုန်း မင်္ဂလာသတင်း

တတိယ မင်္ဂလာသတင်းကတော့ ကျပ် ၁၅၀၀ တန် ဖုန်းကို ဧပြီလ ၂၄ ရက်တွင် ရောင်းချမယ်ဆိုတဲ့ မင်္ဂလာ သတင်းပါပဲ ကိုဘသစ်ရေ ဒီသတင်းဟာ အင်မတန်ကောင်းတဲ့ သတင်းပါ။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၃ အထိ နှစ် ၅၀ ကျော် ဖုန်းနဲ့ပတ်သက်ပြီး ပြည်သူတွေ ခံစားရတာတွေ ကုန်ဆုံးတော့မယ့် အလား အလာပဲပေါ့နော်။

ဒါပေမဲ့ လူတိုင်းကိုင်ခွင့်ရဖို့တော့ အတော်စောင့်ရဦးမယ်လို့ ထင်ပါတယ်။ ခု ကတ်သုံးသိန်းခွဲဆိုတော့ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေမှာပါပဲ။

မှန်တာပေါ့ဗျာ။ ကမ္ဘာပေါ်မှာ ဂရေဟမ်ဘဲလ်က ဖုန်းကို တီထွင်ပြီးတဲ့နောက် လူတွေကို ဖုန်းသုံးဖို့ အတော်စည်းရုံးယူရသတဲ့။ အရောင်းကိုယ်စားလှယ်တွေဟာ တစ်အိမ်ဝင် တစ်အိမ်ထွက် Marketing လုပ်ရသတဲ့။

ဖုန်းမှာ သီအိုရီတစ်ခု ရှိသတဲ့။ ဖုန်းတစ်လုံးဆို ဘာမှ အလုပ်မဖြစ်ဘူးတဲ့။ တစ်လုံးတည်းဆို ဘယ်သူနဲ့ ပြောမလဲ။ အဲဒါကို ပြောတာပေါ့။ ဖုန်းနှစ်လုံးရှိမှ ဆက်သွယ်လို့ ရတယ်။ နောက်လေး လုံး၊ နော က်ခြောက်လုံး ရှစ်လုံးပေါ့။
“လူတွေ ဖုန်းသုံးလာလေလေ ကုမ္ပဏီက ပိုက်ဆံရလေလေပဲလေ။ ကုမ္ပဏီတွေက ဖုန်းအလုံးတွေကို အခမဲ့ပေးတယ်။ မြန်မာပြည်မှာတော့ အငှားချတယ်ပေါ့လေ။ ၀ယ်စရာ မလိုဘူး။ သူက ၀န်ဆောင်ခကို ရယူတာပဲ။

ဖဆပလခေတ်လို့ ခေါ်တဲ့အချိန်မှာ ဒီလိုပဲ အိမ်တွေက တပ်ချင်ရင် ချက်ချင်း လာတပ်ပေးတာပဲ။ ဂျပန်တို့ အနောက်တိုင်းတို့မှာ အိမ်ဆောက်ပြီးတဲ့အခါတွေမှာ ဖုန်းလိုင်းက ပါပြီးသားပဲ။ ကိုယ်က ဖုန်းလိုင်းလိုချင် တယ်။ ဖွင့်ခိုင်းမယ်ဆိုရင် ဖုန်းဆက်လိုက်ရုံပဲ။ ဖုန်းဆက်ပြီးရင် ပလတ်ပေါက်မှာ ဖုန်းတပ်လိုက်ပါ။ နံပါတ်ကလည်း ကြိုက်ရာ ရွေးချယ်ခွင့်တွေ ရှိပါတယ်။

၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ဖုန်းတွေ စတင် ခက်ခဲလာတယ်။ ၀န်ထမ်းအချို့နဲ့ အာဏာရ မိသားစု ဆွေ မျိုးတွေပဲ ဖုန်းရတယ်။ လိုင်းဖုန်းခေတ်နော်။ မိုဘိုင်းဖုန်းကတော့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှသာ ပေါ် ခဲ့တာပါ။ ဖုန်းတစ်လုံး တန်ဖိုးဟာ ကားတစ်စီး တန်ဖိုးထက် ကြီးခဲ့ပါတယ်။

အဲဒါ ဆဲလ်လူလာဖုန်း မဟုတ်လား။ နောက်ပိုင်းမှာ GSM ဖုန်း ပေါ်လာတယ်။

အေး တို့ပြောနေတာ ဖုန်းလို့ဆိုပေမယ့် SIM Card မဟုတ်လား။

ဟုတ်ပါတယ်။ SIM Card ဈေးဟာ ပထမ ငါးသိန်းပါ။ နောက် ၁၅ သိန်းထိ ဖြစ်လာတယ်။ အပြင်ဈေးက ၄၅ သိန်းထိ မြင့်သွားတယ်။ လူတွေကလဲ ကြံဖန်လာတယ်။ ဆက်သွယ်ရေးကလဲ ဘာမဆိုင် ညာမဆိုင် အလှူငွေ တောင်းတာပဲ၊ ဒါလဲ ပေးရတယ်။ ဘယ်သူမှ ဘာမှမပြောဘူး။

ဘာဖြစ်လို့ ဒါလောက်တောင် လိုချင်ရတာလဲ။ သူများနိုင်ငံမှာ အလကားနီးပါး ဖြစ်နေတာကို သိနေကြတာ ပဲ။

ပထမအချက်က လောဘပေါ့လေ။ လူရာဝင်ချင်တဲ့ စိတ်ပါ။ ဒုတိယကတော့ ဆက်သွယ်ရေး လွယ်ကူ တာပေါ့။ ကုန်သည်တွေက လိုင်းဖုန်း (ကြိုးဖုန်း) တွေက လိုင်းမင်းတွေကို ဆက်ကြေးတွေ ပေးနေရတယ် မဟုတ်လား။ GSM လေးများရှိရင် အလုပ်မပျက် အကိုင်မပျက်တော့ဘူးပေါ့။

ဒီနေရာမှာ မြန်မာပြည်က marketing ကိုတော့ တကယ်ချီးကျူးတယ်။ ယိုးဒယားမှာ ၇/၁၁ ဆိုင်မှာ ဈေး ၀ယ်တဲ့သူတွေကို SIM Card တစ်ဘတ်နဲ့ ရောင်းပေးနေတဲ့ အချိန်မှာ ရန်ကုန်မှာ ၁၅ သိန်းနဲ့ ရောင်းနေ ဆဲပဲ။ ဦးသိန်းစိန် အစိုးရ တက်ခါစက ငါးသိန်းဖုန်းကတ်တွေ ရောင်းလာတယ်။

ဟုတ်ပါတယ်။ GSM အပြင် WCDMA၊ CDMA တွေပါ ဈေးလျှော့ရောင်းလာတယ်။ GSM နှစ် သိန်းဖြစ် တဲ့အခါ WCDMA က နှစ်သိန်းခွဲ ဖြစ်နေတယ်။ ခုတော့ WCDMA ဖုန်းကို ကျပ် ၁၅၀၀ နဲ့ ရောင်းချမယ်တဲ့။ ပထမရောင်းတာ ကတ်သုံးသိန်းခွဲတဲ့။ ဒီလ ၂၄ ရက် နေ့မှာပေါ့။ အရင်က ၀င်ငွေတွေ ဘေးချိတ်ထား အဲ ဒီနေ့မှာ ၀င်ငွေ ဘယ်လောက်ရမလဲ။

ဒီမှာ Calculator ရှိတယ်။ ကျပ်သိန်းပေါင်း ၅၂၅၀

နောက် ၁၅ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၇၅၀၀

နောက်တစ်လ ဒီလိုပဲလေ။ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၂၇၅၀

ဒါဆိုရင် တစ်လ ဒေါ်လာနှစ်သန်းခွဲလောက် ၀င်နေတာပဲ။

ဒါ အခုရတဲ့ ငွေတွေပါ။ အရင်က ၀င်ငွေတွေပါ ပေါင်းရင် ဆက်သွယ်ရေးက ရှာပေးတဲ့ ပိုက်ဆံ မနည်းလှဘူးပေါ့။

မြစ်တွေ မရောင်း တောင်တွေ မရောင်းဘဲ ရှာလို့ရတာတွေ အများကြီးပါ ဆရာညိုရာ။ တို့တစ်တွေ မင်္ဂလာသတင်းကို ပြည်သူတွေကို ပါးလိုက်မယ်။

တာမွေမြို့နယ် အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဧပြီလ ၂၁ ရက်နေ့က ကျပ် ၁၅၀၀ တန်ဖုန်း ကံစမ်းမဲနှိုက်နေစဉ်
Eleven Media Group

No comments: