Friday, April 26, 2013
လက်ရှိ အများပြည်သူကို ကျပ် ၁၅၀ဝ နဲ့ ရောင်း ချပေးနေတဲ့ တပ်မတော်ပိုင်မြန်မာ့ စီးပွားရေး ကော် ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေ အတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင် နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။လက်ရှိ ၁ လကို ဆင်းကတ် အခုရေ ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအ တွက်ကို တိုးပြီး ရောင်းချပေးသွားနိုင် တယ်လို့ ဆိုပါတယ်။
လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ် ၁ သန်းကို ၃ လအ တွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက် သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆ က်ပြီး ရောင်းချေပးမယ်လို့ သူကပြောပါတယ်။
လက်ရှိ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀ဝ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့် ဝယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃ သောင်းကနေ ၆ သောင်းကြားအ ထိ ဈေးပေါက်ေ နကြောင်း စုံစမ်းသိရပါတယ်။
DVB

No comments:
Post a Comment