Tuesday, May 7, 2013
မြန်မာ့လယ်သမားဘ၀မြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အဆင့်မြင့်စေဖို့ USAID အနေနဲ့လည်း အားဖြည့်ကူညီပေးဖို့ ပြည်သူ့လွှတ်တော်သူရ ဦးရွှေမန်းက တိုက်တွန်းပြောဆိုပါတယ်။
ရန်ကုန်ရှိ ပြည်သူ့လွှတ်တော် ရုံးခွဲ( ရန်ကုန်)မှာ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပတဲ့လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အဲဒီလို ဦးရွှေမန်းက ပြောသွားခဲ့တာပါ။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာမြန်မာ့လယ်သမားဘ၀မြှင့်တင်ရေးရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေသစ်ကို ရက်ပိုင်း အတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့လည်း ဥက္ကဌ ဦးရွှေမန်း က ပြောပါတယ်။
အဲဒီ အလုပ်ရုံဆွေးနွေးပွဲကိုတော့ အမေရိကန် အစိုးရရဲ့ ထောက်ပံ့ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ ဦးဌေးဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် အပါအ၀င် USAID က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲကြတယ်လို့ ယနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ လယ်သမားအများစု ရှိတဲ့ လယ်သမား နိုင်ငံလည်းဖြစ်လေတော့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အမေရိကန်အကူအညီ အမှန်တကယ်ရမယ်ဆိုရင်တော့ မြန်မာ့လယ်သမားဘ၀ မျှော်လင့်ချက်က တကယ့်ကို မြေကြီးက ရွှေသီးတဲ့ အခြေစိုက်မှာဖြစ်ပါတယ်။
irrawaddy

No comments:
Post a Comment