Tuesday, May 07, 2013

မြန်မာ့လယ်သမားတွေဘ၀ မြှင့်တင်ရေး အမေရိကန်ထံက အကူ အညီတောင်းခံ

Tuesday, May 7, 2013
လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်
ပါတယ်။ရန်ကုန်မြို့မှာဒီကနေ့ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲ တစ်ခုမှာ အခုလိုပြောကြား ခဲ့တာပါ။ ဒီပွဲကို အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘ၀တွေမြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်းလိုအပ်တာတွေ ကိုဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ် လိုက်ပါတယ်။ ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မယ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese

No comments: