Friday, May 10, 2013
ရခိုင်ပြည်နယ် နယ်စပ်တွင် ရခိုင်တပ်မတော်ကို ချထားပေးရန် နိုင်ငံတော် သမ္မတကို ရခိုင်တိုင်း ရင်းသားများတိုး တက်ရေးပါတီ(RNDP)ဥက္ကဌ ဒေါ က်တာ အေးမောင်က တောင်းဆိုလိုက်ကြောင်း မေ လ ၈ ရက်နေ့ထုတ် The Myanmar Post တွင် ဖော်ပြသည်။ မေလ ၅ ရက်နေ့က နိင်ငံရေး ပါတီများနှင့် နိုင်ငံတော် သမ္မတ နေပြည်တော် တွင် တွေ့ဆုံသည့် အခမ်းအနားတွင် ယင်းသို့ တောင်း ဆိုလိုက်ခြင်းဖြစ်သည်။
အစိုးရနှင့် ရခိုင် တပ်မတော် အကြား တွေ့ဆုံဆွေးနွေးရန်၊ ခိုးဝင်သည့် လူမျိုးခြားများကို ဟန့်တားကာ ကွယ်နိုင်ရန် ယင်းသို့ တောင်း ဆိုခြင်းဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ရှင်းပြသည်။
ရခိုင် တပ်မတော် ဆိုသည်မှာ ရခိုင်လက်နက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်တွင် အခြေချလျှက် ရှိကာ အင်အားနှစ်ထောင် နီးပါးခန့် ရှိကြောင်း ၄င်းက ဆိုသည်။
ယခု ကိစ္စကို လွှတ်တော် အစည်းအဝေး ကျင်းပစဉ်က အစိုးရအဖွဲ့ဝင် လူကြီးတစ်ဦးကို တင်ပြဖူးသော် လည်း ထူးခြားမှု မရှိသဖြင့် သမ္မတကို တိုက်ရိုက်တောင်းဆိုလိုက်ခြင်းဖြစ်ပြီး သမ္မတက ယင်းကိစ္စကို မှတ်တမ်းတင်သွားကြောင်း ဒေါက်တာ အေးမောင်က ထပ်မံ ပြောကြားသည်။
ရခိုင်တပ်မတော်ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင်ကေအိုင်အို နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေသည်။
Rakhine Citizen Journalists

No comments:
Post a Comment