Friday, May 10, 2013

အင်ဒိုနီးရှား ဘာသာရေး အစွန်းရောက်များက မြန်မာနိုင်ငံတွင် ဂျီဟတ်ဒ်စစ်ပွဲဆင်နွဲမည်ဟု ခြိမ်းခြောက်

Friday, May 10, 2013
အင်ဒိုနီးရှား ဘာသာရေး အစွန်းရောက်များ က မြန်မာနိုင်ငံတွင် ဂျီဟတ်ဒ်စစ်ပွဲ ဆင်နွဲမည် ဟု ခြိမ်းခြောက်ရိုဟင်ဂျာ မွတ်ဆလင်များ အရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ ဂျီဟတ်ဒ်စစ်ပွဲ ဆင်နွှဲမည် ဟု အင်ဒိုနီးရှား နိုင်ငံ မြန်မာ သံရုံးရှေ့တွင် အစ္စလာမ်မ္မစ် အစွန်းရောက် များက ဆန္ဒထုတ်ဖော် ကြ သည်။ အင်ဒိုနီးရှားရှိ မွတ်စလင် အဖွဲ့အစည်းများ က ရိုဟင်ဂျာ အရေးကို အကြောင်းပြပြီး ဆူပူဆန္ဒပြ ခဲ့ ကြခြင်းပင် ဖြစ်သည်။ ရိုဟင်ဂျာဆိုသူ များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အ ထောက်အပံ့များ ပံ့ပိုးပေးသွားရန်လည်း ယင်းတို့က ဆော်ဩ ခဲ့ကြသည်။

ယင်းဖြစ်စဉ်များ မဖြစ်ပွားမီ အကျဉ်းကျ ခံရသည့် အယ်ကိုင် ဒါနှင့် ဆက်နွယ်နေသော စစ်သွေး ကြွ ခေါင်းဆောင် ဘာရှာက အင်ဒိုနီးရှား မွတ်စလင်များကို မြန်မာနိုင်ငံသို့ သွားရောက်ပြီး တိုက်ခိုက်ကြ ရန် နှိုးဆော် ထားသည်။ ဆန္ဒပြပွဲကို ကြီးကြပ်သူ ဘာနက်အ ဒူဂျက်ဘာက မြန်မာသံ အရာရှိများနှင့် ဆန္ဒပြသူများ ဆွေးနွေးနိုင်ရန် ရဲများကို ပန် ကြားခဲ့သည်။



"မယုံကြည်နိုင်စရာပဲ၊ ကျွန် တော်တို့ကို ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ က ဝန်းရံထား ကြတယ်။ ကျုပ်တို့က စစ်ပွဲ ကို စီစဉ်နေတာ မဟုတ်ပါဘူး။ ကျွန်တော် တို့က အကြမ်းဖက်သမားတွေ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ အစ္စလာမ္မစ်လူထုက မြန်မာရဲ့တာဝန်ယူမှုအတွက် မေးခွန်း ထုတ်ချင် ရုံသက်သက်ပါ"ဟု ဂျက်ဘာက ရှင်းပြသည်။

ယင်းသို့ လူအများ စုဝေးရာနေရာတွင် ရဲတပ်ဖွဲ့ဝင် ၁၆၅၄ ဦးကိုစေလွှတ်ထားကြောင်း ဂျာကာတာရဲ ဌာန မှ ပြောရေး ဆိုခွင့်ရှိသူ ရစ်ဝန်တိုက ထုတ်ဖော် ပြောကြားထားသည်။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဝင်များ အနေဖြင့် မြန်မာ သံရုံး၏ လုံခြုံရေးအတွက် တာဝန်ယူထားကြောင်း ရစ်ဝန်တိုက ဆိုသည်။ "မြန်မာဘက် က တောင်းဆိုသည် ဖြစ်စေ၊ မတောင်းဆို သည်ဖြစ်စေ သံ ရုံးလုံခြုံရေး အတွက် ကျွန်တော်တို့မှာ တာ ဝန်ရှိ ပါတယ်"ဟု ယင်းက ဆက်လက်ပြော ကြားသွားသည်။

ဂျကာတာရှိ မြန်မာ သံရုံးအား ဗုံးခွဲရန် ကြံစည်သူ နှစ်ဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားသည်။

Pyi Myanmar

No comments: