Thursday, May 09, 2013

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အကြံပြုစာများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေငြာခြင်း (၂)

Thursday, May 9, 2013
၁ ဆရာတစ်ဦး ကန့်ဘလူ မြို့နယ်


အကြံပြုစာများ

ယခု အချိန်တွင် B.Ed ကျောင်းသို့ တက်ရောက်ရန် မလိုအပ်ဘဲ အခြားဘွဲ့များ ရယူ၍ ကျောင်းဆရာ/မများ ဝင်ရောက်လုပ် ကိုင်နေကြသဖြင့် B.Ed ကျောင်းဆင်း ဆရာ /မ များအား အခွင့်အရေး တစ်စုံ တစ်ရာ ပေးအပ် သင့်ကြောင်း အကြံပြုတင်ပြခြင်း

ဆောင်ရွက်ထားရှိမှုအခြေအနေ

B.Edဘွဲ့နှင့် ဆရာအတတ်ပညာ ဒီပလိုမာ ရရှိသူများ ကို ကျောင်းဆရာအဖြစ် ခန့်အပ်ပါသည်။ ဆရာ လိုအပ် ချက်အရ အခြေခံ ပညာသင် ဘာသာရပ်များဖြင့် ဘွဲ့ရရှိ သူများကိုလည်း ကျောင်းဆရာ အဖြစ် ရွေးချယ် ခန့်အပ်ပြီး ဆရာအတတ်သင် သင်တန်းများသို့ စေလွှတ် လေ့ ကျင့်ပေးလျက်ရှိပါသည်။ သို့ရာတွင် ပြန်တမ်းဝင် အရာရှိ အလယ်တန်း ကျောင်းအုပ် ရာထူးနေရာသို့ တိုးမြှင့်ခန့်ထား ရာတွင် အရည်အချင်း သတ်မှတ်ချက်ကို B.Ed ဘွဲ့နှင့် အထက် ဘွဲ့ရရှိသူများ ကိုသာ ခန့်ထား ပေးရန် စီမံဆောင် ရွက်လျက်ရှိပါ သည်။

၂ ဦးဝင်းဇော် ( မကွေး )

အကြံပြုစာများ

တက္ကသိုလ် ဝင်တန်း စာစစ် ဌာနများအား ရန်ကုန်နှင့် မန္တလေးမြို့ များတွင်ထားရှိ ပေး သင့်ကြောင်း တက္ကသိုလ် ဝင်တန်း အမှတ် စာရင်းများ ရန်ကုန်သို့ လာရောက်ထုတ် ယူပါက တစ်ပတ်ကျော် ကြာမြင့်ကြောင်းနှင့် စာတိုက် မှ တောင်းခံပါက (၃)ပတ် ကျော်ကြာမြင့်သဖြင့် ပညာရေးမှူး၏ ထောက်ခံ ချက်ဖြင့် တက္ကသိုလ် ပညာသင် ကြားနေရကြောင်း

ဆောင်ရွက်ထားရှိမှုအခြေအနေ

တက္ကသိုလ် ဝင်တန်း အောင်လက်မှတ် နှင့် အမှတ်စာရင်းများကို နေပြည်တော်ရုံး အမှတ်(၅၂)၊ ရန်ကုန် (လသာ)ရုံးနှင့် ရန်ကုန် (ဇွဲကပင်) ရုံးများတွင် ထုတ်ပေး လျက်ရှိပါသည်။မန္တလေး မြို့၌ လောလော ဆယ်တွင် ထုတ်ပေးနိုင်ခြင်း မရှိသေးပါ။

တက္ကသိုလ် ဝင်တန်း အမှတ် စာရင်းများ ကို နေပြည်တော် နှင့် ရန်ကုန်မြို့ ရုံးခွဲများတွင် ၂၀၁၃ ခုနှစ်မှ စ ၍ နေ့ချင်းပြီး ဆောင်ရွက် ပေးလျက်ရှိပြီး စာတိုက် မှ တောင်းခံပါက တစ်ပတ်အတွင်း ရရှိအောင် ဆောင် ရွက်ပေးလျက် ရှိပါသည်။

တက္ကသိုလ်ပညာ သင်ကြားခွင့် အတွက် တက္ကသိုလ်ဝင် စိစစ် ရွေးချယ်ရေးအဖွဲ့သို့ ဝင်ခွင့် လျှောက်လွှာ တင်သွင်း ရာတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အမှတ် စာရင်း မူရင်းဖြင့် လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာ စာစစ်ဌာနမှ ထုတ်ပေးသော အမှတ်စာရင်း ဖြင့်သာ လျှောက်လွှာတင်ရန် သတ်မှတ်ထားပါသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/05/08/id-3289

No comments: