Thursday, May 09, 2013

မိုးကုတ်ကျောက်မျက် အထွက်နှုန်းကျမှု သိသာလာ

Wednesday, 08 May 2013
မိုးကုတ် ရတနာ နယ်မြေ၌ကျောက် မျက် အ ထွက်နှုန်း ဆုတ်ယုတ်မှု သိသာ နေပြီဟု မြန် မာနိုင်ငံ ကျောက်မျက်လုပ် ငန်းရှင်များအသင်းက ထုတ်ဖော်ပြော သည်။ ၎င်းအသင်း ၏ တွဲဖက် အထွေ ထွေ အတွင်းရေးမှူး (၃) ဦးထွန်း လှ အောင်က ''ဧရိယာလည်း ကျဉ်းလာနေ ပြီ။ ထုတ်ဖော်လာတဲ့ နှစ်ကပါ များလာ ပြီလေ။ ဒါကြောင့် ပါ'' ဟု ပြောသည်။ နာမည်ကျော် ပတ္တမြားနှင့် နီလာ ထွက်ရှိသော မိုးကုတ်ရတနာ နယ်မြေ တွင် ကျောက်မျက်ရှားပါးလာမှုကြောင့် မိုးကုတ်ဒေသခံတို့ နိုင်ငံခြားထွက် အ လုပ်လုပ်ခြင်း၊ ကုမ္ပဏီ အလုပ်ဝင်ခြင်း နှင့် နေရာရွှေ့ပြောင်းသူတို့ တစ်နေ့ တ ခြား များလာသည်ဟု မိုးကုတ် ကျပ် ပြင် ရပ်ကွက်မှ ကျောက်မျက်လုပ်ငန်း လုပ် ကိုင်သူတို့က ဆိုသည်။

ဦးထွန်းလှအောင်က''အထွက် နှုန်းလျော့လာတဲ့အတွက် နိုင်ငံရဲ့ ကျောက်မျက်ပို့ကုန် ရငွေက လျော့နည်း လာပြီ။ ကျောက်စိမ်းက လုပ်ကွက်ပေါ တယ်။ ကျောက်မျက်က ထွက်မှ နေရာ က နှစ်ခုလောက်ပဲဆိုတော့ ပိုသိသာ တယ်။ မိုးကုတ်နဲ့ မိုင်းရှူး ဆိုလည်း မိုး ကုတ်ကပဲ ပတ္တမြား၊ နီလာ အရည်အ သွေး ကောင်းတာ။ ဒီတော့ မိုးကုတ်ရဲ့ အထွက်နှုန်းလျော့တာကကဏ္ဍတစ်ခု လုံးအပေါ် ရိုက်ခတ်မှုရှိ သွားတယ်''ဟု ပြော သည်။



မိုးကုတ်တွင် ကုမ္ပဏီကြီး ၃ဝ ကျော်နှင့် တစ်ပိုင်တစ်နိုင် လုပ်ကွက် များဖြင့် ပတ္တမြား၊ နီလာတူးဖော်နေကြ ရာ အချို့သာလျှင် ကျောက်ကောင်းရသည်ဟု၎င်းက ဆက်ပြောသည်။''ကျောက်မျက် ဆိုတဲ့ သဘော သဘာဝက အဖိုးတန်လူသုံးပစ္စည်း စက် တွေနဲ့ ဘယ်လောက်တူးတူး ကံတရားကလည်း ပါသေးတယ်'' ဟု ဦးထွန်းလှ အောင်ကထပ်လောင်းဆိုသည်။စီးပွား/ကူးသန်း ဝန်ကြီးဌာန စာ ရင်းအရ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၏ ကျောက်မျက် ပို့ကုန်ရငွေမှာ ကန်ဒေါ် လာ ၉ဝ၇၆ သန်းရှိပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်ထက်
ကန်ဒေါ်လာ သန်း ၆ဝ လျော့နည်းခဲ့သည်ဟု သိရသည်။

Popular Myanmar News Journal

No comments: