Thursday, May 09, 2013

မြောက်ကိုရီးယား၏ ရန်စမှုများကို ပူးတွဲရင်ဆိုင်မည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ပြောကြား...

Thursday, May 9, 2013
မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများကို အတူတကွ ရင်ဆိုင်မည်ဟု အမေရိကန် သမ္မတ ဘာရတ်အို ဘားမားနှင့် တောင်ကိုရီးယားသမ္မတပတ်ခ်ဂွန်ဟေး တို့က မေလ (၇)ရက်က ပြောကြားသည်။ ခေါင်းေ ဆာင်နှစ် ဦးသည် ၀ါရှင်တန်မြို့တွင် အင်္ဂါနေ့ က တွေ့ဆုံခဲ့ပြီး မစ္စပတ်ခ်၏ သမ္မတအနေဖြင့် သွားရောက်သော ပထမဆုံး နိုင်ငံခြား ခရီး စဉ် ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြား စိတ်ဝမ်းကွဲရန် ပြု လုပ်ဖန် တီးခြင်းသည် အချည်းအနှီးသာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အနေဖြင့် မိမိနိုင်ငံကိုသာမက မဟာ မိတ်နိုင်ငံများအတွက် စစ်ရေးအရ ကာကွယ်ပေးရန် ပြင်ဆင်ထားကြောင်းမစ္စတာအိုဘားမားက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား ဖျက်သိမ်းပြီး နိုင်ငံတကာ စံနှုန်းများကို လေး စားလိုက် နာကာ ငြိမ်းချမ်းရေးအသွင် ဆောင်လျှင်အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆွေးနွေးညှိနှိုင်းရန် တံခါး ဖွင့်ပေးမည်ဟု မစ္စတာအိုဘားမားက ပြောကြားခဲ့ကြောင်း NHKသတင်းမှ သိရသည်။

SkyNet TV Browser

No comments: