Thursday, May 9, 2013
ဒီမှာ ပြထားတဲ့ ပုံအတိုင်းဆိုရင်တော့.. မြင်မြင် ချင်း မောင်းချဓားလို့  ထင်စရာပါ ။ဒါက အိုင်ဖုန်း နဲ့ Android ဖုန်းများကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အားသွင်းနိုင်ဖို့ နဲ့  USB Charging ကြိုးအစား အသုံးပြုနိုင် တဲ့ ပစ္စည်းလေးပါ တဲ့။ ဒေါ်လာ ၂၀ ခန့် နဲ့ ဈေးကွက်မှာ ဖြန့် ချီထားပါတယ် ။ ဖုန်းအား သွင်းတဲ့ အခါ Charging ကြိုးတွေ နဲ့ ရှုပ်ရှက် ခတ် နေတာကို စိတ်ရှုပ်ရတယ်ဆိုရင် ဒါလေးက အဆင်ပြေပါလိမ့်မယ် ။ ပြီးတော့ သူက မောင်း ချဓားလို ခေါက်လို့ လည်း ရတော့ အလွယ်တကူ သိမ်းဆည်းနိုင်တယ် ။ သယ်ယူနိုင်တယ် ။
ကဲ ဘယ်လောက် အဆင်ပြေလိုက်သလဲ.. ။ ပြီးတော့ ကိုယ်ကြိုက်တဲ့  ဖန်စီရောင်လေးတွေ လည်း ရွေး ချယ်နိုင်တယ်။ အသစ်အဆန်း နဲ့  အလန်းကိုမှ ကြိုက်ပါတယ်ဆိုတဲ့  မိတ်ဆွေများကိုလည်း လက် တို့ လိုက် ပါတယ်။
Ref;gizmodo
Freddy ( Stuff Myanmar)
Stuff Myanmar Magazine

No comments:
Post a Comment