Thursday, May 09, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပေးသော တန်ဖိုးနည်း ဆင်းကတ်များ ကျပ် (၂)သိန်းနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေ...

Thursday, May 9, 2013
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC)မှ ထုတ်ဝေသော တန်ဖိုးနည်းကျပ် (၁၅၀၀)တန် ဆင်း ကတ်များ ထွက်ရှိပြီးနောက် ဈေးကွက် အတွင်း ယ ခင်မြန်မာ့ ဆက်သွယ်ရေး က ထုတ်ဝေ ခဲ့သော တန်ဖိုးနည်း ဆင်းကတ်များ အမျိုးအစား အလိုက် တစ်သိန်းကျော်၊ နှစ်သိန်းနီးပါးဖြင့် အရောင်းအဝယ်
ဖြစ်နေကြောင်း သိရသည်။

အမျိုးအစားအလိုက် ရောင်းဝယ်မှု ဖြစ်သောဈေးနှုန်းများသည် ယခင် GSM(၂)သိန်းတန်ဆင်းကတ်ကို တစ်သိန်းခုနှစ်သောင်းခန့်၊ WCDMA ဆင်းကတ်များသည် နှစ်သိန်းနီးပါးခန့်၊ ယခင် CDMA 800 ဆင်းကတ်များသည် တစ်သိန်းရှစ်သောင်းခန့်ထိ ရှိကြောင်းသိရသည်။

MEC က ရောင်းချသည့် ကျပ်(၁၅၀၀)တန် CDMA 800 MHZ ဆင်းကတ်များသည် ကျပ် (၆) သောင်း ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments: