Thursday, May 9, 2013
KIA မှအဖွဲ့ဝင်များက တရုတ် (ဟောင်ကောင်)မှ ဒုစရိုက်သမားနှင့်ပေါင်းပြီးမြန်မာငွေစက္ကူ အတုများကို ပြု လုပ်နေမှုကို တရုတ်ထောက်လှမ်းရေးအဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။ မေလ(၅)ရက်နေ့က တရုတ်နိုင်ငံ ထိန်ချုံး-ရင်ကျန်းလမ်း မှရှိသည့် စစ်ဆေးရေးဂိတ်တွင် မြန်မာငွေစက္ကူ အတု သိန်း (၂၀၀)ကျော်ကို လိုင်ဇာသို့ သယ်ဆောင်စဉ် KIA တပ်ဖွဲ့ဝင်(၃) ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုအရ KIA လိုင်ဇာ အုပ်ချုပ်ရေးမှူး၏ ကရိန်နော်အောင်၏ ရုံးခန်းအတွင်းနှင့် အိပ်ခန်းအတွင်းမှငွေအတု သိန်း(၂၄၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့ပါသည်။
ငွေစက္ကူအတုများကို ဟောင်ကောင်မှ ငွေစက္ကူအတုပြုလုပ်သော ဒုစရိုက်သမားများနှင့် KIA ဌာနချုပ် မှ ခေါင်းဆောင်အချို့နှင့် ပေါင်းပြီးပြုလုပ်တာဖြစ်ကြောင်း၊ ဟောင်ကောင်ရှိ ဒုစရိုက်ဂိုဏ်းမှ အမေရိ ကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့်အပြင် နိုင်ငံအသီးသီးမှ ငွေကြေးများကိုအတုလုပ်သည့်အဖွဲ့ဖြစ်ကြောင်း တရုတ်ထောက်လှမ်းရေးမှ စုံစမ်းမှုအရသိရှိရပါသည်။ မြန်မာငွေစက္ကူ အတု များကို အစိုးရနှင့် KIA တိုက်ပွဲဖြစ်ပွားစဉ်အချိန်အတွင်းမှ စတင်လုပ်ဆောင်ပြီး လိုင်ဇာလမ်းကြောင်းမှတဆင့် မြန် မာနိုင်ငံ အတွင်း သို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစပြီး (၅၀၀၀) တန်နှင့် (၁၀၀၀၀)တန်အတုများကို စတင်သွင်း ခဲ့ကြောင်း၊ စစ်ဆေးချက် အရသိရှိရပါသည်။
KIA မှ ခေါင်းဆောင်တချို့မှ မြန်မာ၊ တရုတ်၊ အမေရိကန်နှင့် အခြားသောနိုင်ငံများ၏ငွေတုများ ကို ဟောင်ကောင်မှ ဒုစရိုက် သမားများနှင့်ပေါင်းပြီးပြုလုပ်နေမှုကြောင့် နိုင်ငံအချင်းချင်း သဘောထား ကွဲလွဲမှုများဖြစ်ပေါ်လာ နိုင်ကြောင်း၊ စီးပွားရေး ထိခိုက်မှုများဖြစ်နိုင်ကြောင်း တရုတ်နယ်စပ်မှ မစ္စတာ ၀မ်ရှောင်မှပြောပြခဲ့ပါသည်။ ငွေစက္ကူ အတု ပြုလုပ်ရာတွင် ပါဝင်ပတ် သတ်နေသော KIA မှတာဝန်ခံ ဗိုလ်ကြီး ကရိန်နော်အောင်ကို တရုတ်မှ မြန်မာ ဘက်မှ အလိုရှိနေသော်လည်း KIA ဗဟိုမှ ၎င်းKIA အရာရှိ
အား ဗဟိုတွင်သာ လုံခြုံရေး အစောင့်အရှောက်ဖြင့် ထားရှိထားကြောင်း သိရှိရပါသည်။
Kachin Daily News

No comments:
Post a Comment