Thursday, May 9, 2013
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း များနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြော င်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရ သည်။
စီမံကိန်းများ မှာ ဆူးလေ ဘုရား လမ်းပေါ်ရှိ Center Point Tower Hotel စီမံကိန်း၊ မင်္ဂ လာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်း လမ်းပေါ်ရှိ Rose Garden Hotel စီမံကိန်း၊ ကန်တော်ကြီး ကန်ရိပ်သာလမ်းရှိ Shangrila Hotel စီမံကိန်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ Novotel Yangon
Hotel စီမံကိန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ Pyi Garden Condominium စီမံကိန်းများဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆူးလေဘုရားလမ်းပေါ်ရှိ Traders Square Commercial Complex စီမံကိန်းကို (၂၀၁၅) ခုနှစ်အတွင်း ပြီးစီးအောင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများ ကို မြန်မာနိုင် ငံသို့ ရောက်ရှိလာသောနိုင်ငံခြားသား ခရီးသွားဧည့်သည်များ အဆင်ပြေစွာတည်းခိုနိုင်ရန် နိုင်ငံတကာ အဆင့်မီ ဟိုတယ်အခန်းများ လုံလောက်စွာရရှိနိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။
SkyNet TV Browser

No comments:
Post a Comment