Sunday, June 30, 2013

ပေါင်မြို့နယ်လယ်ကွက်ထဲတွင် ကောက်စိုက်နေရာမှရှေးဟောင်းပစ္စည်းဟု ယူဆရသောရွှေလက်ကောက်နှင့်ငွေလက်ကောက်ပစ္စည်းများတွေ့ရ

Sunday, 30 June 2013

 မွန်ပြည်နယ် ပေါင်မြို့နယ်ကဒုံရပ်ကွက်ရှိလယ်ပိုင်ရှင်ဒေါ်ရေးလယ်ကွက်ထဲတွင်ဇွန်၂၅ရက်ညနေက

ကောက်စိုက်နေရာမှ မြေအိုးတလုံးတူးဖော်တွေ့ရှိရာမှရှေးဟောင်းပစ္စည်းဟုယူဆရသော ရွှေလက်ကောက် နှင့်ငွေလက်ကောက်အပါအ၀င်ပစ္စည်းများတွေ့ရှိကြောင်းသိရသည်။

၎င်းပစ္စည်းများကို မော်လမြိုင်မြို့ ရှေးဟောင်းသုတေတနသို့ပေးပို့အပ်နှံထားကြောင်းသိရသည်။

ရှေးဟောင်းပစ္စည်းမှန်ကန်ပါကရွှေငွေတန်ဖိုးနှင့်ရှေးဟောင်းပစ္စည်းတန်ဖိုးရရှိမည်ဟုမော်လမြိုင်မြို့ ရှေးဟောင်းသုတေတနဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိင် ကပြောသည်။

Popular Myanmar News Journal

No comments: