Monday, June 17, 2013

သန်းခေါင်ယံရွေးကောက်ပွဲ

Monday, June 17, 2013
ရန်ကုန်- မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းချုပ်၏အလုပ်အမှုဆောင်နှ င့် ဗဟိုအလုပ်အမှုဆောင်ရွေးချယ် ပွဲကို ဇွန် ၁၅ ရက်က ကျင်းပရာ အချိန်ကြာမြင့်လွန်းသည့်အတွက် ဇွန် ၁၆ ရက် နံနက်သို့တိုင်ကူးသွားခဲ့သည်။ ဇွန် ၁၅ ရက် နံနက် ၈ နာရီက စတင်ခဲ့သောမဲပေးရွေးချယ် သည့် ရွေးကောက်ပွဲမှာ ညနေ ၆ နာရီဝန်းကျင်တွင် မှ အလုပ်အမှုဆောင်များ ရွေးချယ်ပြီးစီးခဲ့ပြီး ဗဟို အလုပ်အမှုဆောင်များကို ည ၁၁ နာရီခွဲကျော်တွင်မှ ကြေညာနိုင်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင်များထဲမှ ပထမဦးစွာ ဦးဝင်းအောင်(ယခင်ဥက္ကဋ္ဌဟောင်း) နှင့် ဦးစိန်ဝင်းလှိုင်တို့က ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရန် ကိုယ်တိုင်အမည် စာရင်းတင်သွင်းသည်။ ထို့နောက် မိနစ်အနည်းငယ်ကြာသောအခါ ဦးမြဟန်ကလည်း ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရန်အဆိုပြုပြန်သည်။

ထို့ကြောင့် ၎င်းတို့ သုံးဦးကို ရွေးကောက်ပွဲကော်မရှင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူလိုသည့် ရည်ရွယ်ချက် ကိုမေးမြန်း၍ တစ်ဦးချင်းစီကဖြေကြားရာ ညသန်းခေါင် ၁၂နာရီကျော်လေသည်။

၎င်းတို့ဖြေကြားပြီးနောက် ဗဟို အလုပ်အမှုဆောင်အဖြစ် အရွေးချယ်ခံရသူ ၅၆ဦးက ၎င်းတို့ကို ယခု သတင်းရေးသားချိန် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်ထိ မဲပေးရွေးချယ်နေသည်။ ဥက္ကဋ္ဌ ရွေးချယ်ပြီးလျှင် ဒုဥက္က ဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးစသည်တို့ကို ထပ်မံရွေးချယ် မည်ဖြစ်ကာ၊ နောက်နေ့ကူးမည်ဖြစ်၍ သတင်းရေးသားချိန်ညသန်းခေါင် ၁၂နာရီခွဲတွင် ရပ်လိုက်ပါသည်။



“တစ်ရက်ထဲနဲ့ အပြတ်လုပ်ချင်တာကြောင့် အခုလိုဖြစ်တာ။ လူနဲ့လုပ်နေရတော့ ပိုကြာတာပေါ့”ဟု အလုပ်အမှုဆောင်ရွေးချယ်ခံရသူ တစ်ဦးကလည်း ရွေးကောက်ပွဲကြာခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေး သည်။

အသင်းသက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကို ဇွန် ၁၅ ရက်နံနက် ၈ နာရီတွင် ကျင်းပသည်။နံနက် ၈ နာရီခွဲဝန်းကျင်မှစတင်၍ တစ်သီးပုဂ္ဂလအလုပ်အ မှုဆောင် ၆၉ ဦးကိုမဲပေး ရွေးချယ်ကြသည်။အလုပ်အမှုဆောင်ဝင်ရွေးခံသူဦးရေ ၁၉၉ ဦးရှိပြီး မဲပေးသူဦးရေ ၅၀၀ ကျော်ရှိခဲ့သည်။

တစ်သီးပုဂ္ဂလ အလုပ်အမှုဆောင်များအဖြစ် လက်ရှိ ဥက္ကဋ္ဌဦးဝင်းအောင်ဒုဥက္ကဋ္ဌများဖြစ်သော ဒေါက် တာမောင်မောင်လေး၊ဦးလှမောင်ရွှေအပါအ၀င်လုပ်ငန်းရှင်ကြီးများစွာရွေးချယ်ခံရသည်။

အလုပ်အမှုဆောင်ရွေးချယ်မှုစနစ်မှာ ညီနောင်အသင်း ၆၇သင်းမှ အမည်စာရင်း တင်သွင်းသောကိုယ်စား လှယ် ၆၉ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ၆၉ ဦးစုစုပေါင်း ၁၃၈ ဦးရွေးချယ် ခြင်းဖြစ်သည်။ ညီနောင်အသင်းမှကိုယ်စားလှယ်၆၉ဦးကိုသက်ဆိုင်ရာအသင်းများက ရွေးချယ် အမည်စာရင်းပေးသွင်းခြင်းဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ရာတွင် အလုပ်အမှုဆောင် ရွေးချယ်ခံရသူ ၁၃၈ ဦးက မဲစနစ်ဖြင့် ၅၅ ဦးကို ပြန်လည်ရွေးချယ်ခြင်း ဖြစ်သည်။ ဗဟိုအလုပ် အမှုဆောင်ထဲကမှဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများကို ထမ်မံရွေးချယ်ခြင်းဖြစ်သည်။

ရွေးချယ်ပွဲကို နံနက် ၈ နာရီတွင် အလုပ်အမှုဆောင်များ မဲပေးရွေးချယ်ပြီး မဲစာရင်းများရေတွက်သော ၁၂ နာရီဝန်းကျင်တွင် ကွန်ပျုတာချို့ယွင်းမှုဖြစ်ပွားကြောင်း ကြေညာပြီး ရေတွက်မှုခေတ္တရပ်နားကာ ည ၆ နာရီ နောက်ပိုင်းတွင် မဲစာရင်းများကို လက်ဖြင့်ပြန်လည်ရေတွက်ခဲ့သည်။

ကုန်သည်စက်မှုအသင်းကို ၁၉၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ခုနှစ်မှစတင်၍၂၀၁၂-၁၃ သက်တမ်းအထိ ဗဟိုအလုပ်အမှုဆောင်များအပါအ၀င်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး (ယခင်ကုန်သွယ်ရေးဝန်ကြီး) က တိုက်ရိုက်ခန့်အပ်ခဲ့သည်။

ယခုနှစ်မှသာ အစိုးရ၏အပြောင်းအလဲများကြောင့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက် ပွဲများကျင်း ပခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်နှစ် ရှည်ဥက္ကဋ္ဌတာဝန်ယူခဲ့သော ဦးဝင်းမြင့်မှာ အစိုးရသစ်လက်ထက်တွင် စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်လာခဲ့ကာ ပြီးခဲ့သည့် အသင်းသက်တမ်းတွင် ဒုဥက္ကဋ္ဌတာဝန် ယူခဲ့သော ဒေါက်တာပွင့်ဆန်းမှာ စီးပွားကူးသန်း၏ ဒုဝန်ကြီးအဖြစ်ရွေးချယ်ခံခဲ့ရသည်။

ယခုအကြိမ် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ခြင်းကို ယခင်နှစ်များကထက်စိတ်ဝင်စားမှု ပိုများခဲ့သည်။

ဒေါက်တာစိုးထွန်းက ဗဟိုအလုပ်အမှုဆောင် အတွက်မဲပေးစဉ်အသင်းသားများမဲပေးရန် အသင်းအ ဖွဲ့စဉ်း မျဉ်းအတိုင်း ၂၁ ရက် ကြို တင်အကြောင်းမကြားခြင်း၊ အသင်းသားများအားလုံး မဲပေးခွင့်မပြူခြင်း၊ လက် ရှိအသင်းအဖွဲ့မှ လုပ်ငန်းရှင်ကြီးများက ကြိုတင်မဲ စာရင်းစီစဉ်ထားခြင်း ရှိသည်ဟူသော စွပ်စွဲ ချက်ဖြင့် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ည ၁၀ နာရီ၁၅ မိနစ်တွင် ကန့်ကွက်စာတင်သွင်းသည်။ သို့သော် အဆိုပါကန့်ကွက်မှုကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။

“တရားမျှတတယ်လို့ မြင်တယ်။ စနစ်တကျစိစစ်နေလို့အချိန်ကြာတာ”ဟုအလုပ်အမှုဆောင်ရွေး ချယ်ခံ ရသော တမူး နယ်စပ်ကုန် သွယ်ရေးဥက္ကဋ္ဌဦးလှမောင်က ပြောကြားသည်။

ဗဟိုအလုပ်အမှုဆောင်ကို မူလက ၅၅ ဦးသာရွေးရန် ဖြစ်သော်လည်း ဦးရဲမင်းအောင်နှင့် ဦးအေးဟန်တို့မှာ မဲရမှတ်ချင်းတူနေသည့် အတွက် ၅၆ ဦးရွေးချယ်ခဲ့ရသည်။

7Day News Journal

No comments: