Wednesday, June 12, 2013

"မြန်မာများကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်ရန်သမ္မတ၏ အထူး ကိုယ်စားလှယ်အဖွဲ့မလေးရှားသို့သွားပြီ"

Wednesday, June 12, 2013
မလေးရှားရောက် မြန်မာများကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်ရေအတွက် သမ္မတ၏ အထူးကိုယ် စားလှယ်အဖွဲ့သည် ဇွန် ၁၁ နေ့ညနေတွင် မလေးရှားနိုင်ငံသို့ထွက်ခွာသွားပြီဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန ဒုဝန် ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန် ကြီး ဦးဆောင်သော အဆိုပါအဖွဲ့ သည် အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊ အလုပ်သမား အေဂျင်စီများနှင့် အလုပ်ရှင်များ၊ တစ်ဖက်နိုင်ငံ မှ အေဂျင်စီများနှင့် ညှိနှိုင်းခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မလေးရှားနိုင်ငံမှ ပြန်လာလိုသော မြန်မာနိုင်ငံ သားများသည်လည်း အထူးကိုယ်စားလှယ်အဖွဲ့သို့သွားရောက်၍ လူစာရင်းပေးရန် လိုကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

မလေးရှားရှိ မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုမှတာဝန်ယူပြီး မြန်မာနိုင် ငံသားများ၏ အခြေအနေကို စနစ် တကျ စာရင်းပြုစု အသိပေးနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ အထူး ကိုယ်စားလှယ်အဖွဲ့ မှ သက်ဆိုင်ရာ အစိုးရကို ခိုင်ခိုင်မာမာ ထောက်ပြပြောဆို ညှိနှိုင်းပေးနိုင် မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားများကို ကာကွယ် စောင့် ရှောက်ရေးအတွက် လုပ်နိုင်တာ အကုန် လုပ်ရန် သမ္မတကိုယ် တိုင် ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ အထူးကိုယ်စား လှယ်အဖွဲ့၏ တွေ့ရှိချက်၊တင်ပြချက်များ အပေါ် အခြေ ခံပြီးလုပ်စရာရှိသည်များ ကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ် ကြောင်းနိုင်ငံတော်သမ္မတရုံး မှသိရသည်။



တစ်နေ့တည်းမှာပင် ပြည်ပအလုပ်အကိုင်အေဂျင်စီများ အသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ကလည်း မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး မလေးရောက် မြန်မာများအား အကူ အညီပေးနိုင်ရေးကိစ္စများ ကို ဆောင် ရွက်သွားမည် ဖြစ်သည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ များ အသင်းချုပ်မှ အတွင်းရေးမှူး ဦး တင်မြင့်က ''ဆေးရုံ ရောက်နေတဲ့ အလုပ်သမားတွေ၊ ဘုန်းကြီးကျောင်းမှာ ပုန်းနေရတဲ့ သူတွေနဲ့တွေ့မယ်။ လိုအပ် တာတွေ ကူညီပေးမယ်။ ပြီးတော့ ပြန်ဖို့ အတွက် ခက်ခဲနေတဲ့သူတွေလည်း ရှိတယ်။ သူတို့ ပြန်ခေါ်ဖို့အတွက် ဘာ တွေ လုပ်ဆောင်ရမလဲ၊ ဒါတွေလည်းသွားပြီးလေ့လာမယ်'' ဟု မလေးရှားသို့ မသွားရောက်ခင် ပေါ်ပြူလာနယူးစ် ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဖြစ်စဉ်များ စဖြစ်ကတည်းက အခြေအနေများသိရှိနိုင်ရန် အသင်းချုပ် ၏ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ် ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ကိုယ်စား လှယ်ထံမှ အချက်အလက်များ ရရှိ ထားပြီးဖြစ်ပြီး မလေးရှားနိုင်ငံမှ အလုပ် သမားအရာရှိ၊ မြန်မာသံရုံးမှ တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရောက် မြန် မာအလုပ်သမားများအား မလေးရှား ရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် ဖမ်းဆီးလျက် ရှိသည့်အပြင် မြန်မာနိုင်ငံသားအချို့ အား လူအချို့က သတ်ဖြတ်မှုများ ပြု လုပ်ခဲ့သည့်အတွက် ထွက်ပြေး တိမ်းရှောင်နေရကြောင်း မလေးရှားနိုင်ငံ အမန်ပူလီမြို့နယ်တွင် အလုပ်လုပ် သော မြန်မာအလုပ် သမား တစ်ဦးက ဇွန် ၉ ရက်တွင် ပြောသည်။

''မနေ့ကတင် ရဲဝင်တယ်။ မှန်မှန်မမှန်မှန် မြန်မာဆိုရင် အကုန်ဖမ်းလို့ရှောင်နေရတယ်'' ဟု အဆိုပါ အလုပ်သမားက ပြောသည်။ လက်ရှိ အခြေအနေတွင် မလေး ရှားနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ အလုပ်သမားအရေးကို ဖိဖိစီးစီး ဆောင် ရွက်မှု မရှိသောကြောင့် တစ်ဖက်နိုင်ငံ အလုပ်ရှင်များသို့ ဖိအားပေးဆောင် ရွက်သင့်ကြောင်း၊ သို့မှသာ မြန်မာ အလုပ်သမားကို မှီခိုနေရသော လုပ် ငန်းရှင်များ ထိခိုက်မှုရှိလာနိုင်ပြီး မြန် မာအလုပ်သမား အရေးကို ဆောင်ရွက်လာမည်ဖြစ်ကြောင်း မလေးသို့ အလုပ်သမားပို့ဆောင်နေသော ပြည်ပ အလုပ် အကိုင်အေဂျင်စီမှ တာဝန်ရှိသူက ပြောသည်။

''ပြန်ခေါ်မယ်ဆိုရင် သူတို့ဆီက လုပ်ငန်းတွေ တော်တော်များများ ရပ် သွားနိုင်တယ်။ အဲဒါမှ သူတို့ဘက်က စည်းစနစ်တကျ ဆောင်ရွက်လာမှာ'' ဟု ၎င်းက သုံးသပ်သည်။

မလေးရှားသို့ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည်တို့မှ အလုပ်သမားများစွာ လာရောက်လုပ်ကိုင်ကြသော် လည်း မြန်မာအလုပ်သမားများက အရည် အသွေးနှင့် ကျွမ်းကျင်မှု သာလွန်သော

ကြောင့် မလေးသို့ အလုပ်သမားပို့ ဆောင်ခြင်း ရပ်ဆိုင်းလိုက်ပါက မလေး လုပ်ငန်းရှင်များ ထိခိုက်မှုများ ရှိလာ နိုင်ကြောင်းလည်း ၎င်းကသုံးသပ်သည်။

''ဒီက အေဂျင်စီတွေလည်း ထိ ခိုက်မှာပေါ့။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်က လူတွေ ထိခိုက်ရင်တော့ မလွှတ်တာ အကောင်းဆုံးပဲ'' ဟု အထက်ပါ တာ ဝန်ရှိသူက ပြောသည်။

မလေးရှားတွင် တရားဝင် မြန်မာ အလုပ်သမား ၂ သိန်းခန့်ရှိကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီများ အသင်းချုပ်က ထုတ်ပြန်ထားပြီး တရား မဝင် အလုပ်သမား ၂ သိန်းခန့်ရှိ ကြောင်းသိရ သည်။ မေလကုန်မှ စ၍ မြန်မာအလုပ် သမား များအကြမ်းဖက် သတ်ဖြတ်ခံရမှုများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန် အထိသေ ဆုံးသူ ၆ ဦး ရှိသွားပြီ ဖြစ် ကြောင်းသိရသည်။

Popular Myanmar News Journal

No comments: