Wednesday, June 12, 2013

IKBZ အာမခံ ကုမ္ပဏီ ဖွင့်ပွဲ ပြုလုပ်

IKBZ Insurance Co ., Ltd လုပ်ငန်းစတင် ဖွင့်လှစ် ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၉နာရီတွင် ဗိုလ် ဆွန်ပက်လမ်း နှင့် ကုန်သည်လမ်းထောင့်ရှိ ဗိုလ် ဆွန်ပက် ကွန်ဒိုတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ IKBZ အာမခံလုပ်ငန်း မှ ဒါရိုက်တာ ဒေါ်နန်း ခမ်းနောင့် အား IKBZ အာမခံလုပ်ငန်းကို အများပိုင် ကုမ္ပဏီ အဖြစ်ဆောင် ရွက်သွားရန် ရှိကြောင်းပြော ကြား ခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ၊ ဘ ဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက် တာ မောင်မောင်သိမ်း ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးလှမြင့် ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၀န်ကြီးဒေါ်စန်းစန်းနွယ် ၊ လျှပ်စစ် နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးဥာဏ် ထွန်းဦး နှင့် စီးပွားရေး လုပ်ငန်း ရှင်များ ၊ သံရုံးများမှ သံတမန်များ တက်ရောက်ခဲ့ကြသည်။

Popular Myanmar News Journal


No comments: