Monday, June 17, 2013

အမြောက်တပ်သားရဲ့ဘုရားကျောင်းလက်ထပ်ပွဲ

Monday, June 17, 2013
နောက်ခံပုံဟာ အီတလီနိုင်ငံ တက်စ်ကန်ဒေသမှာရှိ တဲ့ ဒီဗင်ဆီဂလီယာတာ ဘုရားကျောင်းဖြစ်ပြီး အဲဒီ မှာလက်ထပ် ပွဲကျင်းပခဲ့ သူကတော့ အာဆင် နယ်တောင်ပံကစားသမား ၀ဲလ်ကော့နဲ့ သူ့ချစ်သူ ဖယ်လာနီဆလိတ်တို့ ဖြစ်ပါတယ်။ ၀ဲလ်ကော့နဲ့ ဖယ်လာ နီဆလိတ်ဟာ ၁၀နှစ်ကျော် ချစ်ခဲ့တဲ့ချစ် သူတွေဖြစ်ပြီး ဒီလက်ထပ်ပွဲကို အာဆင်နယ် အ သင်းဖော်တွေဖြစ်တဲ့ ဗာမီလန်၊ ကိုစီယယ်နီ၊ ကီရင် ဂစ်ဘ်၊ ရမ်ဆေးတို့ တက်ရောက်ခဲ့ကြပါတယ်။ ၀ဲလ်ကော့ဟာ သူ့မင်္ဂလာဆောင်မှာ လက်ဖွဲ့ပစ္စည်းလက်ခံခြင်းမရှိဘဲ ၀ီလိုဖောင်ဒေးရှင်းကိုပဲ အလှူငွေ ထည့်စေခဲ့ပါတယ်။ ၀ီလိုဖောင်ဒေးရှင်းဟာ အာဆင်နယ်ဂန္ထ၀င် ဘော့ဝီလ်ဆန်၊ မက်မီလန်တို့တည်ထောင် ခဲ့တာဖြစ်ပြီး ၀ဲလ်ကော့ရဲ့ခယ်မဆာရာဟာလည်းကျောက်ကပ်ကင်ဆာရောဂါ ဝေဒနာခံစားနေရတာဖြစ်လို့ အခုလိုလှူဒါန်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို ချိန်ဘာလိန်က ဂျက်လေယာဉ်နဲ့ လာခဲ့တယ်လို့ လည်း သိရပါတယ်။

YoYarLay

No comments: