Monday, June 17, 2013

"ဆိုလာစနစ်သုံး ဖောက်ထွင်းမြင်နိုင်တဲ့ ဂဏန်းပေါင်းစက်"

Monday, June 17, 2013
အွန်လိုင်း ရှော့ပင်းဆိုက် တစ်ခုမှာ ရောင်းချနေတဲ့ ဂဏန်းပေါင်းစက် ဖြစ်ပါတယ်။ အလွယ်တကူ သယ် သွားလို့ ရကာ နေရောင်ခြည်ခံ ပြီး Touch Screen စနစ်နဲ့  အသုံးပြုနိုင်မယ့် စက်ဖြစ်ပါတယ်။ စွမ်း အင်ချွေတာမှု အနေဖြင့် သဘာဝ စွမ်းအင်ကိုသာ အသုံးပြုထားပြီး ပတ်ဝန်းကျင်နဲ့ လည်း သဟဇာတ ဖြစ်အောင် ဖန်းတီးထားပါတယ်။ ပေါးပါးပြီး ပါးလွာ မှုလည်း ရှိပါတယ်။ ကျောင်းသုံး ၊ အိမ်သုံး ၊ ရုံးသုံး အဆင်ပြေ ပါလိမ့်မယ် ။ မိမိ မိတ်ဆွေတွေထဲက စီး ပွားရေး သမား ၊ စာရင်းကိုင် သမား တို့ ကို လက်ဆောင်ပေးချင်တယ်ဆိုရင်လည်း မျက်နှာပန်း လှပါတယ်။ ဈေးနှုန်းကလည်း သင့်ပါတယ် ။ USD $3 ၀န်းကျင် နဲ့ ကြေငြာထားပြီးရောင်စုံလည်း ရနိုင်ပါတယ်တဲ့ ။ လောလောဆယ် အနေနဲ့  အွန်လိုင်းရှော့ ပင်းဆိုက် ebayမှာ ရောင်းချနေတာကို တွေ့ ရပါတယ်။

ဖန်စီဆန်ဆန် စက်ပစ္စည်းများကို နှစ်သက်တယ်ဆိုရင်တော့ ဒီ ဂဏန်းပေါင်းစက် က မိတ်ဆွေများအတွက် အဆင်ပြေပါလိမ့်မယ်။


Ref;ebay
Freddy ( Stuff Myanmar)
Stuff Myanmar Magazine

No comments: