Tuesday, June 4, 2013
သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေး ဒု ၀န်ကြီး လည်းဖြစ်တဲ့ ဦးရဲထွဋ်ကို မလေးရှား မှာ မြန်မာ တချို့ ရိုက်နှက် သတ်ဖြတ်ခံရတဲ့ ကိစ္စ အပေါ် သတင်းမှားတွေသာဖြစ်တယ်လို့ ဇွန်လ ၁ ရက်နေ့ ကဖေ့စ်ဘုတ် စာမျက်နှာမှာ အသိပေး ရေး သားတုံ့ပြန်လိုက်တဲ့အပေါ်လူတွေအတော်ဝေဖန်နေ ကြပါတယ်။ မလေးရှား ရှိ မြန်မာသံအမတ်ကြီး ကို သူ ဆက်သွယ်မေးမြန်းပြီး သတင်းမှားတွေဖြစ်လို့ မယုံကြည် ဖို့ ဖေ့စ်ဘုတ်မှာ ရေးလိုက်တာပါ။ ဒီအ တွက် ဦးရဲထွဋ်ဟာ သတင်း ထိန်ချန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဖေ့စ်ဘုတ်ပေါ်မှာ ဆူညံသွားပါတော့တယ်။
ဒါပေမယ့်နောက်တနေ့ ဇွန်လ ၂ ရက်နေ့မှာတော့ သူက ဖေ့စ်ဘုတ်ပေါ်မှာပဲ အရေးအသားက ပြောင်း သွားခဲ့ပါပြီ။
"ဒါပေမယ့်လည်း ပြည်သူများကို အသိပေးဖို့ ငါ့မှာ တာဝန်ရှိတယ်၊ ရနိုင်တဲ့အရင်းအမြစ်ကို ဆက် သွယ်ပြီး မေးမယ်လို့ ဆုံးဖြတ်ပြီးကိုယ်တိုင် မေးမြန်း စုံစမ်းပြီး တင်ပြပေးခဲ့တာပါ။ ဘယ်သူခိုင်းလို့မှ မဟုတ် ပါဘူး" လို့ ရေးသားပြန်ပါတယ်။
သူ့အနေနဲ့ ခိုင်းလို့ မဟုတ်ပဲ သူ့သဘောနဲ့ သူ သိသမျှကို အချိန်နဲတပြေးညီ ဖေ့စ်ဘုတ်မှာ ရေးသားလိုက် တာပဲဖြစ်ပြီး စေတနာအမှားသာဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုပါတယ်။
တဆက်တည်း ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်မှာ မြန်မာသံတော်ဆင့်က အမျိုးသားအရေး တမျိုးသားလုံး ၀ိုင်းဝန်း ကူညီနိုင်ခွင့်ရှိမှဖြစ်မည် ဆိုတဲ့ ဆောင်းပါးကိုလည်း သူက Share လုပ်ထားလိုက်တဲ့အပေါ်ဝေဖန်သံတွေ ထပ်တိုးလာခဲ့တယ်။
အဲဒီဆောင်းပါးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပုတ်ချထားချက်တချို့ ပါဝင်သလို အမျိုးသားရေး အစွန်းရောက်ရေးသားချက်တွေနဲ့ အစပျိုးထားတဲ့ ဆောင်းပါးအဖြစ် လူတွေက ယူဆနေကြ
ပါတယ်။ ဒီအပေါ် ဦးရဲထွဋ်အနေနဲ့ ရင်ထဲက အခံစိတ်နဲ့ ဒီဆောင်းပါးကို ပြန်လည်မျှေ ၀လိုက် တာဖြစ်တယ် ဆိုတဲ့ ဝေဖန် ထိုးနှက်သံတွေက ထပ်ပြီး ဆူညံနေပါတော့တယ်။
ဒီနေရာမှာ စဉ်းစားမိတာက သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ၀န်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ် အနေနဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပရိသတ်နဲ့ တိုက်ရိုက်ထီတွေ ဆက်ဆံနေတာ ကောင်းတဲ့ လက္ခဏာလို့ သုံးသပ်လို့ရပေမယ့် မှားယွင်းသွားတဲ့ ကိစ္စအပေါ် မဖြစ်သင့်ဘူးလို့ပဲ ပြောရမှာပါ။
သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးရဲ့ နုတ်စကားတိုင်းဟာ အလွန်တာသွားပါတယ်။ လူတွေကလည်း ဦးရဲထွဋ်ကို သမ္မတ ပြောခွင့်ရသူဖြစ်လာပြီးနောက်ပိုင်း ပိုပြီးအာရုံစိုက်စောင့်ကြည့်နေကြတာဟာ သမ္မတ ရဲ့ သဘောထားမှတ်ချက်ကို ထင်ဟပ်တယ်လို့ လက်ခံယူဆထားကြလို့ပါပဲ။
လူဟာ အမှားမကင်းသလို ဦးရဲထွဋ် ပြောတဲ့အတိုင်း ၁၀ ခါ မှန်ပြီး ၁ ခါမှားတာ အပြစ်လား ဆိုတော့ ဦးရဲထွဋ်လို သမ္မတ ပြောခွင့်ရသူတဦးအတွက် မှားခွင့် မရှိဘူးလို့ နားလည်ထားကြသူတွေများပါတယ်။
ဦးရဲထွဋ်အနေနဲ့ သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တာကြောင့် သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာ မျက်နှာမှာ လွတ်လပ်စွာ ရေးသားခွင့်ဆိုတာနဲ့ပတ်သက်ပြီး ကျင့်ဝတ် နီတိ တခုတော့ နားလည်ထားမယ်လို့ လူတွေက ဆိုနေကြပါတယ်။
ဧရာဝတီblog

No comments:
Post a Comment