Tuesday, June 04, 2013

သြစီက ရခိုင်ပြည်က ဒုက္ခသည်တွေအတွက် ဒေါ်လာ ၁.၅ သန်းပေးမယ်

Tuesday, 04 June 2013
သြစတြေးလျအစိုးရက ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် နေရာရွှေ့ပြောင်းနေရသူတွေကို ကူညီဖို့အ တွက် ဒေါ်လာ ၁.၅ သန်းကို ထပ်မံ ကူညီထောက်
ပံ့မယ်လို့ သိရပါတယ်။ရခိုင်ပြည်တွင်းက ဒုက္ခသည် အယောက်ပေါင်း ၄၀၀၀၀ သောက်သုံးရေရရှိရေး၊ ကိုယ်လက် သန့်စင်ရေးတွေ အတွက် ကုလသမ ဂ္ဂကလေးသူငယ်များ ရံပုံငွေအသင်း UNICEF ကနေ တဆင့် ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

အဲဒီ ထောက်ပံ့မှုကြောင့် သောက်ရေပုန်း ရှစ်ထောင်နဲ့ ရေသန့်စင်ရေးစက်တွေအပြင် ကိုယ်လက် သန့်စင်ရေးအတွက် ဆပ်ပြာ၊ သွားတိုက်ဆေး အပါအဝင် ရေလုံအိမ်သာနဲ့ ရေချိုးခန်းပေါင်း ၂၀၀၀ကို လည်း ဆောက်လုပ်ပေးမယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားရ်ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော် နေရာရွှေ့ပြောင်းနေရပြီး မိုးရာသီ ကာလအတွင်း ကျန်းမာရေးအတွက် စိုးရိမ်ရတာကြောင့် ခုလို ထပ်မံ ကူညီရတာဖြစ်တယ်လို့ လည်း ပြောပါ တယ်။

မိုးရာသီကာလအတွင်း ဝမ်းပျက် ဝမ်းလျောရောဂါနဲ့ ရေကနေ ပေါက်ဖွားလာတဲ့ ကာလဝမ်းရောဂါ လို ရောဂါပိုးတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနောက်ပိုင်း သြစတြေးလျ အစိုးရက ဒေါ်လာ ၆ သန်းနီးပါး ကူ ညီထောက်ပံ့ ခဲ့ပြီး အရေးပေါ် ကူညီထောက်ပံ့မှုတွေ အများဆုံး ပေးတဲ့ နိုင်ငံတွေထဲ ပါဝင်လာ တာ ဖြစ်ပါတယ်။



အရင်တုန်းကတော့ ဒုက္ခသည်တွေအတွက် ယာယီတဲတွေ၊ စောင်၊ အဝတ်အထည်၊ ခြင်ထောင် အစရှိ တာတွေကို ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရက ဒုက္ခရောက်သူတွေကို ကူညီဖို့ ဆန္ဒရှိနေပြီး မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ ထောက်ပံ့ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အချက်အလက်ကို နှစ်ဖက်စလုံးက အသိအမှတ်ပြု ဖြေရှင်းဖို့လည်း ထပ်မံတောင်းဆိုလိုက်ပြီး နှစ်ဖက် ပြန်လည်ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့လည်း ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

သြစတြေးလျ အစိုးရက ရခိုင်ပြည်နယ်ကို အရေးပေါ် ထောက်ပံ့မှု ထပ်မံလုပ်လိုက်သလို မကြာသေးခင်က လည်း မြန်မာနိုင်ငံအပေါ် ပေးတဲ့ ကူညီထောက်ပံ့မှုတွေကို တိုးမြင့်ဖို့ ကြေငြာခဲ့ပါတယ်။

အရင်တုန်းက တစ်နှစ်ကို ဒေါ်လာ သန်း ၆၀ ကူညီခဲ့ရာကနေ လာမဲ့ နှစ်တွေအတွင်း ဒေါ်လာ သန်း ၈၀ အထိ ထောက်ပံ့ကူညီပြီး မြန်မာနိုင်ငံအပေါ် ပညာတော်သင်ဆုတွေလည်း တိုးမြင့်ပေးသွား မှာ ဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

ABC Radio Australia

No comments: