Tuesday, June 04, 2013

ဆင်းရဲမွဲတေမှု ပပျောက်ရေးကို နိုင်ငံချမ်းသာမှုထက် ဦးစားပေးမယ်လို့ သမ္မတဆို

Tuesday, 04 June 2013
မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းများစွာ ဆိုးသွမ်းလှတဲ့ စစ် အုပ်ချုပ်မှု လက်အောက်မှာ အပယ်ခံ အဖြစ် ပျက် စီးယိုယွင်းသွားခဲ့ တဲ့ စီးပွါးရေး တွေ ကြောင့် ကျန် ရှိခဲ့တဲ့ ဆင်းရဲမွဲတေမှုတွေ ကို တိုက်ဖျက်သွား မှာဖြစ်တဲ့ အကြောင်းနိုင်ငံတော် သမ္မတကြီး ဦး သိန်းစိန်က မနေ့ကပြော ခဲ့ပါတယ်။ သမ္မတကြီး အနေ နဲ့ မိန့်ခွန်းပြော နေတဲ့ တချိန်ထဲမှာပဲ လူပေါင်း ၂၀၀လောက် ပါဝင်တဲ့ ဆန့်ကျင် ဆန္ဒပြပွဲ မှာ မိချောင်း ကန်ကျေးရွာက လယ်မြေများ အတင်းအဓမ္မ သိမ်းစည်း ခံခဲ့ရသူတွေက ဆန္ဒပြခဲ့ကြတယ်လို့ သိရ ပါတယ်။

မိန့်ခွန်းမှာသမ္မတကြီး က စီးပွါးရေးဖွံ့ဖြိုးဖို့ အခြေခံကျတဲ့ သဘာဝရေမြေတောတောင် သံယံဇာတ ပစ္စည်းတွေပေါများ ကြွယ်ဝ ပြီး၊ လူစွမ်းအား ဇစ်မြစ်အခြေခံကောင်းတဲ့ နိုင်ငံဖြစ်ပေမဲ့၊ ကမ္ဘာပေါ်မှာ ဖွဲ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ အဆင့်စာရင်းထဲမှာ ပါဝင်နေတဲ့ အတွက်၊ ဒီ အခြေအနေမျိုးကနေ ထွက်နိုင်အောင် ကြိုးစား ဖို့လိုတယ်လို့ ပြောသွားပါတယ်။

ဒါကြောင့်လဲ ဆင်း ရဲမွဲတွေမှု ပပျောက်ရေးကို နိုင်ငံတော်ချမ်းသာလာမှုထက် ကို ဦးစားပေး ဆောင် ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် ရဲ့အဆိုအရ မြန်မာ နိုင်ငံ ရဲ့လူဦးရေ ၄ ပုံ တပုံဟာ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ ရှိ နေကြ တယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်တဲ့ အစိုး ရ တက်လာ ခဲ့ တဲ့ ၂၀၁၁ခု နှစ်က စပြီး လယ်မြေသိမ်း ပိုက်ခံရမှုတွေ နဲ့ပတ်သက်ပြီး ဆန္ဒပြမှု တွေဖြစ်ခဲ့ပါတယ်။ရန်ကုန်မှာ လူငယ်ခေါင်းဆောင်များ မျက်နှာ စုံညီ အစည်းအဝေးကျင်းပ မြန်မာနိုင်ငံရန်ကုန်မြို့မှာ Young Global Leaders YGL လို့ခေါ်တဲ့ ကမ္ဘာမှာ နှစ် စဉ်ကျင်းပမြဲဖြစ်တဲ့ စီးပွါးရေး၊လူမှုရေး အကျော်အမော်လူငယ်ခေါင်းဆောင်များ မျက်နှာ စုံညီအစည်းအဝေး ကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဒီ အစည်းအဝေးမှာ ပြည်ပကလူငယ်ခေါင်းဆောင်တွေ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး ပိုမိုသိရှိ နားလည် မှု တွေ ရှိ လာသလိုမြန်မာ နိုင်ငံကလူငယ်ခေါင်းဆောင်တွေ အနေနဲ့လဲ အတုယူအတတ်သင် နိုင်ပြီး မြန် မာ နိုင်ငံ အနေနဲ့ရင်ဆိုင်နေရ တဲ့ အခက်အခဲ တွေကို လက်ဆုပ်လက်ကိုင် ထိရောက်အောင် အကျိုးပြု အကောင်အထည်ဖေါ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မီးမောင်းထိုးလေ့လာ ညှိနှိုင်းဆွေးနွှေးသွားမှာဖြစ်တဲ့ အကြောင်း အရာတွေ ကတော့၊ အနုပညာ၊ ယဉ်ကျေး မှု၊ စီးပွါးရေး၊အရည်အချင်းဖြည့်တင်းရေး၊ ပညာရေး၊ကျန်းမာရေး ဝန်ဆောင်မှု၊ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှု၊ ငြိမ်ဝပ်ပိပြားရေးနဲ့ ပြန်လည်ပေါင်းစည်းရေး၊ ဆင်းရဲနွှမ်းပါးမှု ပပျောက်ရေး အစ ရှိ တဲ့ ကဏ္ဍတွေ ကိုဆွေးနွှေးသွားမှာဖြစ်ပါတယ်။

YGL လူငယ်ခေါင်းဆောင် တွေဟာ လူမှုရေးစီးပွါးရေး ဆိုင်ရာ တွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြ တဲ့ ဒေ သခံ အဖွဲ့တွေ ခေါင်းဆောင်တွေ၊ ဆေးရုံတွေ၊ကျောင်းတွေ၊ ဆေးခန်းတွေ ငြိမ်းချမ်းရေးတည်ဆောက်မှု ဆိုင် ရာအဖွဲ့ အစည်းတွေ နဲ့ လက်ပွန်းတသီး ထိတွေ့ လေ့လာမှု တွေ၊ ရေ ရှည် ဆက်လက်လုပ် ကိုင်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွား နိုင်ဖို့အတွက်တည်ဆောက်သွားဖို့အခွင့် အလမ်းတွေ ဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာအခုလို ဆောင်ရွက်ချက်မျိုးက နေ အကျိုးဆောင် တပ်ဖွဲ့တွေ ထွက်ပေါ်လာပြီး ထူးခြား တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင် ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀လောက် အထီးကျန် ဘဝကနေလျင်မြန်တဲ့ပြောင်းလဲမှုတွေ ကို ဖြစ်ပေါ်လာ ချိန်မှာ အခုလိုလုပ်ဆောင်ချက် ဟာ အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့အကြောင်း၊ ကွဲပြားမှုတွေ ဖြေရှင်းပြီး၊ စီးပွါးတိုးတက်ရေးတွေမှာလူတိုင်းစေ့ပါဝင်နိုင်မှု၊တဦးတယေက်မှမကျန်အကျိုးရရှိမှုကို တွေ့မြင် နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွါးရေး ညီလာခံ ဟာ လဲ လူငယ်စီးပွါးရေးခေါင်းဆောင်များ အစည်းအဝေး အပြီး ဇွန်လ ၅ ရက်က နေ ၇ ရက်နေ့ အထိ နေပြည်တော်မှာကျင်းပသွားဖို့ ရှိ ပါတယ်။

ABC Radio Australia

No comments: