Tuesday, June 04, 2013

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ဇွန် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည်

Tuesday, 04 June 2013
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမ အကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၅ ရက်တွင် ပြန်လည် ကျင်းပ မည် ဖြ စ်ကြောင်း သတင်းရရှိပါသည်။ ပြည်သူ့လွှတ်တော် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၆ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ အရ ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို နေပြည်တော်၌ ဇွန် ၂၅ ရက် နံနက် ၁၀ နာရီ တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅၅ နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ အရ ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို နေပြည်တော်၌ ဇွန် ၂၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်နှစ်ရပ်လုံးမှ ဇွန် ၃ ရက်တွင် ကြေ ညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၉ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ပထမ အကြိမ် သတ္တမ ပုံမှန်အစည်း အဝေးများကို ဇူလိုင် ၁ ရက်တွင် ကျင်းပပြုလုပ် မည်ဖြ စ်ကြောင်း ပြ ည်ထောင်စုလွှတ်တော်မှ ဇွန် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော် ပုံမှန်အစည်းအဝေးများသို့ တက်ရောက်ရန် ခေါ် ယူထားရာ ဖိတ်စာများအား လွှတ်တော်ကိုယ်စားလှယ် များထံသို့ ပေးပို့ထားကြောင်း၊ လွှတ်တော် ကိုယ် စားလှယ်သည် အစည်းအဝေး ဖိတ်စာအား လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော် ရုံးအမှတ် (၂၁) လွှတ်တော်ရုံးသို့ ဇွန် ၂၃၊၂၄ ရက်များတွင် သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် အသိအ မှတ်ပြုလွှာ၊ ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြားတို့ကို ယူဆောင်လာကြရန် ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။



မိတ္ထီလာခရိုင်အတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခြင်းကို ထပ်မံရက်တိုးမြှင့်ရန် မေ ၂၀၊ ၂၁ ရက်၌ ပြည်ထောင်စုလွှတ်တော် အထူးအရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့ပြီး သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ 'နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အ မှတ် (၁/၂၀၁၃) အရေးပေါ် အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန်' နိုင်ငံတော် သမ္မတ ကိုယ်စား အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စား ၁၃ ဦးမှဆွေးနွေးခဲ့ပြီး လွှတ်တော်မှ အ တည်ပြုခဲ့ကြောင်း သိရသည်။

eleven media group

No comments: