Monday, June 17, 2013

အချိုးကျ ကိုယ်စားပြုစနစ်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့သည် ဆိုခြင်းမှာ ၎င်းတို့၏ သဘောဆန္ဒ မဟုတ်ကြောင်း တိုင်းရင်းသားပါတီများ ပြောကြား

Monday, 17 June 2013
အချိုးကျ ကိုယ်စားပြုစနစ် (PR System) ကို ရွေးေ ကာက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့သည် ဆိုခြင်းမှာ ၎င်းတို့၏ သဘောဆန္ဒဖြင့် တင်သွင်းခဲ့ခြင်း မဟု တ်ကြောင်း ဒီမိုကရေစီ မိတ်ဆွေပါတီများ စာရင်း တွင် ပါဝင်သည့် တိုင်းရင်းသား ပါတီများ က ပြော ကြားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်က ဒီမိုကရေစီမိတ်ဆွေ (၁၀) ပါတီအ ဖွဲ့တို့ က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် လက်ရှိကျင့်သုံးနေသော မဲအများဆုံး ရရှိသူကို အနိုင်ပေးသည့် ရွေးကောက်ပွဲစနစ် (First Past The Post-FPTP System) အစား အချိုးကျ ကိုယ်စားပြုစနစ် (PR System)ကို ပြောင်းလဲ ကျင့်သုံးသင့်ကြောင်း အကြံပြုချက်နှင့်အတူရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော စာတမ်းတစ်စောင် ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ကြောင်း၊ ယင်းအတွက် ၂၀၁၃ ခုနှစ်အ တွင်း ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးပါရန် ပြည်ထောင်စု လွှတ်တော်သို့ ၁၃-၅-၂၀၁၃ ရက်စွဲပါ စာဖြင့် တင်ပြခဲ့ပါကြောင်း စသည်ဖြင့် ဇွန် ၁၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန် ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် တင်ပြလာသည့် ပါတီအမည်များ ကိုလည်း ထည့်သွင်းထားပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှာ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ပါတီများလည်းဖြစ်ပြီး NBF အနေဖြင့် PR စနစ်ကို လက်မခံကြောင်း တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီး ဇွန် ၁၂ ရက်ကမှ တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။



ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည့်စိုးက ၎င်းတို့အနေဖြင့် လက်မှတ်ထိုးခဲ့သည် ဆိုခြင်းမှာ အစည်းအဝေး တက်ရောက်ကြောင်း လက်မှတ်သာဖြစ်ပြီး PR စနစ်ကို လက်ခံကြောင်း လက်မှတ်ထိုးခဲ့ခြင်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်မှ ယခုကဲ့သို့ ထုတ်ပြန်လာသည့်အပေါ် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NDF) အဖွဲ့ဝင်ပါတီများနှင့် တိုင်ပင်ကာ ပြန်လည်ဖြေရှင်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

''PR စနစ်ကို လက်ခံမှာလား၊ လက်မခံဘူးလား။ ရွေးကောက်ပွဲ ကော်မရှင်ကို တင်မှာလား၊ မတင်ဘူးလား ဆိုတာကို ကျွန်တော်တို့ပါတီမှာ ဘာမှဆွေးနွေးခဲ့တာ မရှိဘူး'' ဟု ဦးမန်းအောင်ပြည့်စိုးက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ''ဒီစနစ်ကို တိုင်းရင်းသား ဒေသတွေမှာ မသုံးပါနဲ့လို့ ညီနောင်တိုင်းရင်းသား ပါတီတွေက တရားဝင် ကန့်ကွက်ပြီးပြီပဲ။ ဒီလိုမျိုးတော့ အစိုးရ သတင်း စာက မလုပ်ကောင်းပါဘူး။ ကျွန်တော်တို့ ကြေညာချက်က တစ်ပြည်လုံးကို ပျံ့ပါတယ်။ ကျွန်တော်တို့ ကန့်ကွက်ထားပြီးသားပဲ။ ထပ်ပြီးလည်း ကန့်ကွက်သွားမယ်။ ရွေးကောက် ပွဲ ကော်မရှင် ကိုလည်း တရားဝင် အကြောင်းပြန်သွားမယ်'' ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်ကလည်း PR စနစ် ကို ၎င်းတို့အနေဖြင့် လက်မခံကြောင်း၊ အစည်းအဝေး တက်ရောက်သည် ဆိုသည့် လက်မှတ်ထိုးခဲ့ခြင်း သာဖြစ် ပြီး လက်ခံသည် ဆိုသည်ကို လက်မှတ်ထိုးခဲ့ခြင်း မဟုတ်ကြောင်း၊ ပါတီအနေဖြင့်လည်း ရှင်းလင်းသွား မည် ဖြစ်ကြောင်း ပြောကြားသည်။

eleven media group

No comments: