Monday, June 17, 2013

ဒေါက်တာမောင်မောင်ရဲ့ ၁၉၈၈ ခုနှစ်၊ မြန်မာနိုင်ငံအရေးအခင်း စာအုပ် ထွက်ရှိ


Monday, June 17, 2013
ရှစ်လေးလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးဆိုတာ ၁၉၈၈ ခုနှစ် သြဂုတ်လ၈ ရက်နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့ရာ အခု လာမယ့် သြဂုတ်လ ၈ ရက်နေ့ဆိုရင် ၂၅ နှစ်ပြည့်တော့မှာဖြစ်ပြီး ငွေရတုသို့ ရောက် လာလေပြီ။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ အရေးအခင်း ( မြန်မာဘာသာ) ဆိုတဲ့ စာအုပ် ထွက်ရှိလာခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ကာလ သမ္မတ ဖြစ်ခဲ့သူ ဒေါက်တာမောင်မောင် က ထိုစဉ်က ဖြစ်ပျက်ခဲ့မှုများကို အင်္ဂလိပ်ဘာသာနဲ့ “The 1988 Uprising in Myanmar” ဆိုပြီး မကွယ်လွန်မီက ရေး သားပြုစုသွား ခဲ့ပါ တယ်။


ဒေါက်တာ မောင်မောင်ဟာ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

ကွယ်လွန်ပြီး လပေါင်းများစွာ ကြာတဲ့အခါမှ ဒေါက်တာမောင်မောင်ရဲ့စာကြည့်ခန်းမှာ မိသားစုက သန့် ရှင်းရေးလုပ်ပေးရင် သူ့ရဲ့ ကွန်ပြူတာမှာရေးသားပြုစုထားတဲ့ အဆိုပါ “The 1988 Uprising in Myanmar” အင်္ဂလိပ်လို့ မှတ်တမ်းကို တွေ့ရှိခဲ့ရတာဖြစ် တယ်လို့လည်း ယနေ့ စာအုပ်ကြော်ငြာမှာ ထည့် သွင်းဖော်ပြထားပါတယ်။

ဒေါက်တာမောင်မောင်ရဲ့ အဆိုပါ နောက်ဆုံး ရေးသားပြုစုခဲ့တဲ့ စာအုပ်ကို သားမောင် စစ်သည် က မြန်မာဘာသာပြန်ဆိုပြီး ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံအရေးအခင်း အမည်နဲ့စာအုပ်ကြော်ငြာလည်း ဒီ ကနေ့ နိုင် ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

Digest Media Bank နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲတို့က ဖြန့်ချီပေးမယ့် အဆိုပါ မြန်မာပြန် စာအုပ်ကို တအုပ်လျှင် ကျပ်ငွေ ၃၅၀၀ ကျပ်နဲ့ရောင်းချမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“၁၉၈၈ ခုနှစ်သည် မြန်မာ့ရာဇ၀င်သမိုင်းတွင် လွယ်လွယ်နှင့် မေ့ဖျောက်လို့ ရမည်မဟုတ်သော ခုနှစ်ဟု ဆိုကြပါက ဤစာအုပ်သည် ထိုစဉ်က အဖြစ်အပျက်များကို မည်သည့်ဘက်မှ မျက်နှာလိုက်ခြင်း မပြုဘဲ အမှန်ကန်ဆုံး၊ အမျှတဆုံး ဖြစ်အောင် ပြုစုသွားခဲ့သော နိုင်ငံတော် သမ္မတဟောင်း ဒေါင် တာ မောင်မောင် ၏ နောက်ဆုံး လက်ရာ သမိုင်းကြောင်း မှတ်တမ်းပင်ဖြစ်ပါသည်” လို့ ဒေါက်တာမောင်မောင်၏ စာ အုပ်ကြော်ငြာမှာ ရေးသားထားတဲ့ စာတပိုဒ်ဖြစ်ပါတယ်။

ဧရာဝတီblog

No comments: