Thursday, June 27, 2013

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်း အဝေး တတိယနေ့ (၂၇-၆-၂၀၁၃) ကြာသပတေးနေ့ အစီအစဉ်

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တတိယနေ့ (၂၇-၆-၂၀၁၃) ကြာသပတေးနေ့ အစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

၁။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ ပြည်သူ့လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်
ကျင်းပကြောင်း ကြေညာခြင်း။

၃။ ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ် ကြေညာခြင်း။

၎။ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ က ခွင့်ပန်ကြားခြင်းနှင့် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း-

(က) ဦးစိုးစိုး၊ ထီးချိုင့် မဲဆန္ဒနယ်၏ အလယ်တောကျေးရွာအနီးတွင် ကန်ချောင်တစ်ဖက်ရပ်ဆည်တာတမံ အား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

(ခ) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်၏ နောင်ခိုက်ရေထွက်အား လျှိုပိတ်ဆည်အဖြစ် ဆောက်လုပ်ပေးရန်နှင့် နောင်ဗိုတစ်ဖက် ဆည်ကန်အား ပြန်လည်တူးဖော် ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဂ) ဦးဖေသန်း၊ မြေပုံ မဲဆန္ဒနယ်၏ ထုံးကျိန်လွင်ပြင်ဒေသအား အစိုးရတာတမံအဖြစ် သတ်မှတ်ပြီး ရေငံတာတမံ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးမောင်ညို၊ စစ်တွေ မဲဆန္ဒနယ်၏ ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က ကဲ့သို့ ကန်တော်မင်၌ ပြန်လည် ထားရှိမည် ဆိုပါက မည်သည့် ခုနှစ်တွင် အကောင်အထည်ဖော်ပါမည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(င) သူရဦးအေးမြင့်၊ ဝက်လက်မဲဆန္ဒနယ်၏ ရွှေဘိုခရိုင်အတွင်းရှိ မြေသား အသစ်တင်၍ ပြုပြင် ပြီးစီးခဲ့သော တူးမြောင်းဘောင်ခင်း လမ်းများ တစ်လျောက် ဂျင်းကျောက်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်
မေးခွန်း။

(စ) ဦးဝင်းစိန်၊ က၀ မဲဆန္ဒနယ်၏ က၀မြို့နယ်အတွင်းရှိ ကျေးရွာ များအား ရေကန်များ တူးဖော်ဆောင်ရွက် ပေးမည် ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့်
မေးခွန်း။

(ဆ) ဒေါက်တာခင်မောင်ဆွေ၊ ကျောက်တံခါး မဲဆန္ဒနယ်၏ ကွင်းချောင်းရေ တိုက်စားမှုကြောင့် လက်ပံကုန်း ရွာနှင့် ကျောက်ကြီး ကားလမ်းတို့မှာ ပျောက်ကွယ်သွားနိုင်သဖြင့် ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

(ဇ) ဦးသောင်းဟန်၊ ယင်းမာပင် မဲဆန္ဒနယ်၏ မြို့တွင်း ဖြတ်သန်း စီးဆင်းလာသော ဘုန်းချောင်းကမ်းပါး ဝဲ/ယာအား အခိုင်အမာတာဖို့မြှင့်တင်ပေးခြင်း ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်
မေးခွန်း။

(ဈ) ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်၏ သနပ်ပင်မြို့နယ်တွင် တူးဖော်ပေးခဲ့သော တူးမြောင်းကြီးများတွင် ရေထိန်း အဆောက်အဦများ၊ ရေတံခါးများနှင့် ရေငံတားတမံများ အမြန် တည်ဆောက်ပေးရန် နှင့် ရေစီးရေလာပိတ်ဆို့၍ ငါးဖမ်းသည့် လုပ်ငန်းများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ တားမြစ်ပေး ပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ည) ဦးကြည်မြင့်၊ လသာ မဲဆန္ဒနယ်၏ (၈) ရပ်ကွက်၊ ၂၄ -လမ်း၊ အထက်လမ်းကို ယခု ဘဏ္ဍာရေးနှစ်

(၂၀၁၃-၂၀၁၄)တွင် ပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

၆။ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း။

၇။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာခြင်း။

၈။ ပို့ဆောင်ရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို တင်သွင်းခြင်း။

၉။ “ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း “ နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ က ဖတ်ကြား ရှင်းလင်းခြင်း။

၁၀။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက “မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း “ကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန်ဖြစ်ကြောင်း နှင့် ဥပဒေကြမ်းကို ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာခြင်း

၁၁။ ပို့ဆောင်ရေးဝန်ကြီးဌာနက “ဘက်စုံပို့ဆောင်ရေး ဥပဒေကြမ်း”ကို တင်သွင်းခြင်း။

၁၂။ “ဘက်စုံပို့ဆောင်ရေး ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေ ကြမ်းကော်မတီက ဖတ်ကြားရှင်းလင်းခြင်း။

၁၃။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက “ ဘက်စုံပို့ဆောင်ရေး ဥပဒေကြမ်း” ကို လွှတ်တော်ကဆွေးနွေးစဉ်းစားရန် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာခြင်း။

၁၄။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး စတုတ္ထနေ့ ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

No comments: